စာစဉ်(၃၂) အပိုင်း(၁၂)

213 13 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၂)

အခန်း(၃၈၅-ခ)မလိုတမာစိတ်(၂)

ည ၉ နာရီ မိနစ် ၃၀ တွင် ဝမ်ရိဟန်သည် စားသောက်ဆိုင်မှ တွန့်ဆုတ်စွာဖြင့် ပြန်သွားခဲ့သည်။ ကလေးနှစ်ယောက်မှာ အချိန်ကောင်းများ ရရှိခဲ့ကြ၏။

သူတို့ပြန်သွားပြီးနောက် ကျန်းလီသည် သူမအစ်ကိုအား အိပ်ခန်းထဲဆွဲခေါ်ကာ တံခါးပိတ်လိုက်သည်။

"ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်လျှို့ဝှက်နေတာလဲ" ကျန်းဟန်က ရယ်စရာကောင်းသည်ဟု ခံစားရပြီး မေးလိုက်သည်။

"အစ်ကို ဒီနေ့ နင့်ဆီ ဘယ်သူလာသေးလဲ။ ဘယ်ရည်းစားဟောင်းလဲ။ ငါ့ကို အမှန်တိုင်းပြော" ကျန်းလီက မေးသည်။

"အဲဒါ အမှန်ပဲ"

"အဲဒါ ဘယ်သူလဲ။ အရှက်မရှိလိုက်တာ" ကျန်းလီ ဒေါသတကြီးပြောသည်။ "အစ်ကို နင့်မိန်းမက ငါ့ကိုပြောထားတယ်။ နင်နဲ့မုန့်မုန့်ကို ဘယ်သူမှ မနှောင့်ယှက်စေချင်ဘူးတဲ့။ နင်ဘာပြောထားလဲ။ နင့်မှာ အရင်က တကယ့်ရည်းစားမရှိဘူးလို့ ပြောခဲ့တယ်မလား။ သူတို့နဲ့ အဆက်အသွယ်မလုပ်နဲ့တော့။ လမ်းခွဲပြီးရင်တောင် ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်က သူငယ်ချင်းဖြစ်နေတုန်းပဲ လို့တော့ အပိုတွေပြောပြီး ငါတို့ကို အရူးလုပ်ဖို့မကြိုးစားနဲ့။ ငါ အရမ်းဒေါသထွက်တယ်။ သိက္ခာရှိတဲ့ရည်းစားဟောင်းက ဘယ်လိုလုပ် ဒီနေရာကို လာရှာမှာလဲ။ သူက ဘယ်သူလဲ။ ငါ သူ့ကိုတွေ့ရင် သေချာပေါက် ဆဲဆိုပစ်ဦးမယ်"

ကျန်းလီ၏ဒေါသထွက်နေပုံကိုကြည့်ပြီး ကျန်းဟန် ရယ်စရာကောင်းသလို စိတ်ရှုပ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သူ ကျန်းလီ၏ခေါင်းကို အသာပုတ်လိုက်ပြီး "နင့်အစ်ကိုက ဒီမိသားစုကို တန်ဖိုးအထားဆုံးပါ။ ညီမလေး စိတ်ချနိုင်ပါတယ်"

"အဲဒါကောင်းတယ်" ကျန်းလီက မျက်စောင်းထိုးလိုက်ပြီး "သူက ဘယ်သူလဲဆိုတာ နင်မပြောရသေးဘူး"

"ချောင်လောလော"

"သူလား။ ဟမ့် ငါ သူ့ကို အရင်ကတည်း သဘောမကျဘူး။ သူက ကြောင်သူတော်ပဲ။ ဘာပဲဖြစ်ဖြစ် နောက်ရက်တွေ ငါဒီကို လာနေမယ်။ အခု ငါ့အလုပ်ချိန်က ၁၁ နာရီဖြစ်သွားပြီ။ ဆိုတော့ ငါ့မှာ အားလပ်ချိန်ရှိတယ်" ကျန်းလီက နာရီကို ကြည့်လိုက်ပြီး ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now