အပိုင်း ၃၂

13.9K 473 71
                                    

Unicode

"ထက်ပိုင်"

"အော် သဲစု"

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ သဲစုဝင်း။ ၉တန်းစာကျက်ဝိုင်းမှာဆုံပြီး ရင်းနှီးသွားရာကနေ ၁၀တန်းရောက်တော့သူကဘော်ဒါပြောင်းသွားတာကြောင့်ဝေးသွားခဲ့ရသည်။ social media ရဲ့ကျေးဇူးကြောင့် ကွဲကွာသွားတဲ့သူငယ်ချင်းတွေ fb မှာပြန်ဆုံတွေ့ကြရင်း သဲစုဝင်းနဲ့လည်း fb မှာ fri ဖြစ်နေခဲ့တာတော်တော်ကြာပြီဖြစ်သည်။သူမကတော့ friဖြစ်ကတည်းက ပူကြူးနဲ့အခြားသူတွေသူ့ကို tagတွဲပြီး တင်တဲ့postတွေမှာlikeလုပ်တာ bd တွေမှာwish လုပ်ပေးတာမျိုးတွေရှိတတ်ပေမယ့် သူကတော့ သဝန်တိုတတ်တဲ့ပူကြူးကြောင့်ရော fb သိပ်မသုံးတာကြောင့်ပါ တစ်ခါမှတော့သေချာစကားမပြောခဲ့ဖူး။ အရမ်းရင်းနှီးတာမျိုးတော့မဟုတ်ပေမယ့် အသိအကျွမ်းဆက်ဆံရေးဖြစ်တာကြောင့် GYM ထဲဝင်မယ့်ဟာကိုဆက်မဝင်ဖြစ်ပဲ အနားကိုလျှောက်လာတဲ့သဲစုကိုပြုံးပြရင်း စောင့်နေလိုက်သည်။

"GYM ကိုလာတာလား"

"ဟုတ်တယ်.. နင်ကလည်းဒီမှာနေနေတာလား"

"မဟုတ်သေးဘူး အိမ်ပြောင်းမလို့လေ... အဲ့တာ အခန်းလာကြည့်တာ"

"အော်"

"နင်ဒီမှာနေမှန်းမသိဘူး"

"အင်း... တစ်နှစ်လောက်တော့ရှိပြီ"

"ဟုတ်လား အဆင်ပြေလား... ငါလည်းနေရာရှာနေတာတော်တော်ကြာပြီ စိတ်ကြိုက်မတွေ့သေးဘူးဖြစ်နေတာ... ငါတို့ကသားအမိနှစ်ယောက်တည်းဆိုတော့ လုံးချင်းတွေမှာကျလည်းမနေချင်လို့လေ.. ခုအသိတစ်ယောက်ကဒီကွန်ဒိုကိုပြောလို့ အခန်းလာကြည့်တာ.. အဲ့တာဟိုဟိုဒီဒီလျှောက်ကြည့်ရင်းနင့်ကိုတွေ့တာပဲ"

"အဆင်ပြေပါတယ် မိန်းကလေးနှစ်ယောက်တည်းဆိုတော့ လုံးချင်းထက်ကွန်ဒိုကပိုစိတ်ချရတာပေါ့"

"အေး ဟုတ်တယ်... ငါလည်းအဲ့လိုစဉ်းစားတာပဲ ငါကအဆင်ပြေပေမယ့် အမေကျတော့နေတတ်ပါ့မလားတွေးနေတာ"

"အင်း"

"လူကြီးဆိုတော့ ခြံဝန်းနဲ့နေရင် ပိုလွတ်လပ်မယ်ထင်လို့လေ... ဒါပေမယ့် ဒီနေရာကအဆင်တော့ပြေပါတယ် ပန်းခြံလည်းရှိတာဆိုတော့ လမ်းထွက်လျှောက်လို့လည်းရတယ်"

ရင်မှာအရင်တိုင်းWhere stories live. Discover now