အပိုင်း ၅၂

15.4K 391 69
                                    

Unicode

ခါးလေးကိုအသာဖက်ပြီးနှုတ်ခမ်းလွှာလေးတွေကို နူးညံ့စွာနဲ့နမ်းရှိုက်နေတာ ခဏဆိုတဲ့အချိန်အတိုင်းအတာကိုကျော်လွန်နေပြီဆိုပေမယ့် ကိုယ်တိုင်ကလည်းသဘောကျနေမိတာကြောင့် ကိုကို့ ကိုဖက်ထားကာတုံ့ပြန်အနမ်းတွေပေးနေရင်း အထဲဝင်ဖို့တောင်းဆိုလာတဲ့လျှာကိုလည်း အကျင့်ပါနေတဲ့အတိုင်းခွင့်ပေးဖို့ ပါးစပ်လေးကိုအသာဟပေးလိုက်မိသည်။

ဖူးငုံရဲ့သတိလက်လွတ်ဖြစ်သွားမှုကို အခွင့်ကောင်းယူလိုက်ရင်း ခံတွင်းတစ်ခုလုံးကိုမွှေနှောက်လိုက် နှုတ်ခမ်းတွေကိုငုံခဲလိုက်နဲ့တဖြည်းဖြည်းကြမ်းတမ်းလာတဲ့အနမ်းတွေနဲ့အညီ ခါးကိုဖက်ထားတဲ့လက်တွေကလည်း တင်ပါးတွေကိုဆွဲညှစ်လာတဲ့ကိုကို့ကြောင့် အနမ်းတွေကိုရပ်တန့်ဖို့ကြိုးစားရင်း တင်ပါးပေါ်ကလက်တွေကိုဆွဲဖယ်ပေမယ့်မရ။ နောက်ဆုံး ကိုကို့ရင်ဘက်ကိုထုရိုက်ကာတွန်းလွှတ်လိုက်တာကြောင့် မျက်နှာနှစ်ခုဝေးကွာသွားချိန် နှစ်ယောက်လုံးရဲ့ပါးပြင်မှာရွှဲစိုနေခဲ့ပြီး ဖူးငုံစကပ်ကဇစ်လေးမှာလည်းတစ်ဝက်တိတိပြုတ်နေပြီဖြစ်လေသည်။

"ကိုကိုနော်... ခဏလေးနမ်းရုံပဲဆိုပြီး"

"နမ်းရုံပဲနမ်းနေတာလေ"

"ဒါကနမ်းရုံလား"

"ကိုကိုကနမ်းရုံပဲ...လက်ကသူ့ဘာသာလုပ်သွားတာ"

ပြောင်စပ်စပ်နဲ့ပြောရင်း လက်တွေကစကပ်ဇစ်ကိုဆက်ဖြုတ်နေတာကြောင့် ရှောင်လိုက်ကာ

"ကိုကိုနော် ဘာဖြစ်နေတာလဲ.. မိဘတွေအိမ်ရောက်နေတာကို"

"ကိုကို့အိမ်ပါ"

နောက်တစ်ခါထပ်လှမ်းမယ်ပြင်နေတဲ့လက်တွေကနေလွတ်အောင် အဝေးကြီးထိဆုတ်လိုက်ရင်း အနည်းငယ်တွန့်သွားတဲ့ အဝတ်တွေကိုပြန်ပြင်လိုက်သည်။ တော်သေးတာပေါ့... ကြေလွယ်တဲ့ဟာမျိုးမဝတ်ခဲ့လို့။ အစက မြန်မာဝတ်စုံချည်သားဝမ်းဆက်ဝတ်မလို့ထုတ်ပြီးမှ အဲ့လောက်ထိမလိုလောက်ပါဘူးတွေးကာ ဒူးအောက်ထိရှည်တဲ့စကတ်အဝဲလေးကို blouseတစ်ထည်နဲ့ဝတ်လာခဲ့သည်။ ပထမစီစဉ်ထားတဲ့ဝတ်စုံသာဆို မတွေးရဲစရာပဲလို့တွေးရင်း ဇွတ်ဖြစ်နေတဲ့ကိုကို့ကိုမျက်စောင်းထိုးလိုက်တော့ ကိုကိုကရယ်ကာ ဖူးငုံရှိရာကိုရောက်လာ၍ ဖွဖွလေးဖက်လိုက်သည်။

ရင်မှာအရင်တိုင်းWhere stories live. Discover now