အပိုင်း ၂၄

13.4K 423 97
                                    

Unicode

"ပူကြူး"

ဖူးငုံကားရပ်ကာရှိသေး အထဲမဝင်သေးပဲထိုင်စောင့်နေပုံရတဲ့ကိုကိုက ကားနားကိုအပြေးရောက်လာကာ တံခါးဖွင့်ပေးလိုက်သည်။ အေးအေးဆေးဆေးဝင်ထိုင်မနေပဲ အပိုတွေလာလုပ်နေတဲ့ ကိုကို့ကိုမျက်စောင်းထိုးလိုက်ပြီး ရှေ့ကနေခပ်သွက်သွက်နဲ့အထဲကိုဝင်လိုက်သည်။

"ဒီဘက်လာမထိုင်နဲ့"

အထဲရောက်တော့ ဖူးငုံထိုင်နေတဲ့ဘေးဝင်ထိုင်မယ်ပြင်လိုက်တဲ့ ကိုကို့ကိုတားလိုက်ပြီး ပေါင်ပေါ်တင်ထားတဲ့အိတ်ကိုနေရာလွတ်မှာချပစ်လိုက်တဲ့ဖူးငုံရဲ့လုပ်ရက်ကို ကိုကိုကကြည့်ကာ ပြုံးလိုက်ပြီး မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်သည်။

"Seafood Cocktail Pizzaကို Extremeထဲက medium size ယူမယ် ပြီးတော့ ဒီဟာ... ကြက်ဥချောင်းထိုင်းစတိုလ်ပါစတာရယ်"

"Appetizer Platter ထဲမှာ ငါးအသားချောင်းမပါဘူးလား"

"မပါဘူးခင်ဗျ အဲ့ထဲက ကြက်ကြော်ရယ် Garlic Bread ရယ် အာလူးချောင်းရယ်ပဲပါတယ်"

"အဲ့တာဆို အဲ့တာတစ်ပွဲ ငါးအသားချောင်းကတစ်ပွဲ ပြီးတော့ cokeကတစ်ဂျားယူမယ် လောလောဆယ်တော့ဒါပဲနော်"

"ဟုတ်ကဲ့ခင်ဗျ လေးဆယ့်ငါးမိနစ်လောက်တော့စောင့်ပေးပါဦးနော်"

"ဟုတ်"

....

"ဘာလဲ.... ဘာကြည့်တာလဲ... ပြောတော့ မုန့်ကျွေးချင်တာဆို"

"အင်းလေ ပူကြူးစားချင်တာအကုန်စား... ထပ်မှာဦးမလား... မှာလိုက်လေ"

pizza company မှာရသမျှ menuအကုန်နီးပါးမှာနေတာကို မျက်လုံးကြီးပြူးကာကြည့်နေတဲ့ကိုကိုက ဖူးငုံအော်သံကြားမှ မျက်နှာကိုပြုံးကာပြရင်းပြောလိုက်သည်။ ခါတိုင်းဖူးငုံချိန်းရင်တောင် ပင်ပန်းတယ်လေးဘာလေးနဲ့ပြောကာအချိန်ရွှေ့တတ်တဲ့ကိုကိုက ဒီနေ့နေ့လည်ခင်းဖြစ်ခဲ့တဲ့ကိစ္စအတွက် စိတ်ဆိုးနေတဲ့ဖူးငုံကိုချော့ဖို့ရာ ညနေတွေ့ရအောင် pizza ဝယ်ကျွေးမယ်ဆိုပြီးချိန်းလာခဲ့သည်။ ဒါကြောင့် အမြင်ကပ်ကပ်နဲ့စားလည်းမစားနိုင်ပဲ လျှောက်မှာနေခြင်းသာ။

ရင်မှာအရင်တိုင်းDonde viven las historias. Descúbrelo ahora