အပိုင်း ၄၃

16.1K 431 76
                                    

Unicode

ရယ်သံတို့နဲ့ပြည့်နှက်နေတဲ့ အခန်းလေး..။

ဖူးငုံနဲ့ကိုကိုက ကြမ်းပြင်မှာထိုင်ကာဆိုဖာကိုမှီထားကြရင်း စားပွဲပေါ်တင်ထားတဲ့ laptop ထဲကဓာတ်ပုံတွေကြည့်နေကြသည်။

"ဒီမယ် ဒီမယ်တွေ့လား ခြေကားယားလက်ကားယားနဲ့အိပ်နေတာ... ကိုကို့မှာဖုန်းပါမလာလို့ အောက်ကိုတစ်ခါပြေးဆင်းပြီး ဖုန်းသွားယူရသေးတယ်"

"အဲ့ကိုကိုကအကျင့်ပုတ်တယ်တော့... သူများအိပ်နေတာကိုခိုးရိုက်ထားတယ်"

"ဟား ဟား ဟား.. ယုံပြီလား"

"အဲ့တုန်းကပင်ပန်းလို့ပါဆို... ခုဘယ်မှာအဲ့လိုအိပ်လို့လဲ... မနက်လင်းလို့နိုးလာတိုင်း ကိုကို့ရင်ခွင်ထဲမှာညကအတိုင်းလေးပဲ"

"အဲ့တာ ကိုကိုကပူကြူးမနိုးခင်အရင်နိုးလာပြီးဆွဲဖက်ထားလို့လေ"

"မဟုတ်ပါဘူး"

"ကဲ မယုံပြန်ဘူး... နောက်နေ့video ရိုက်ထားမယ် ကိုကို့မှာညညဆိုအကန်ခံနေရတာ ဘယ်နေ့ကုတင်ပေါ်ကပြုတ်ကျမလဲမသိဘူး... အိပ်ရေးတွေကိုပျက်လို့ တစ်ပတ်ရှိသေးတာကိုလူကတော်တော်ဂါနေပြီ"

"ဘယ်သူကအိပ်ခိုင်းနေလို့လဲ.. ကိုယ့်ဘာသာကိုယ်အိပ်ပေါ့"

"မအိပ်ပါဘူး... အကန်ခံပြီးတော့ကိုအိပ်ချင်တာ"

ပြောရင်း ဖူးငုံပါးကိုနစ်ဝင်မတတ်နမ်းလိုက်တာကြောင့် ရယ်လိုက်ရင်း ကိုကို့ပါးကိုလည်းအလားတူပင်ပြန်နမ်းလိုက်သည်။

ဟိုတစ်နေ့ကဖူးငုံအိပ်နေတဲ့ပုံကိုပြမယ်ဆိုကာပြရင်းနဲ့ အရင်ကပုံလေးတွေကိုပါပြန်ကြည့်ဖြစ်ကြသည်။ ဖလင်နဲ့ရိုက်တဲ့ခေတ်မဟုတ်တော့ပဲ ဖုန်းနဲ့အားတိုင်းရိုက်တတ်တဲ့ခေတ်ဖြစ်တာမို့ ရိုက်ဖို့လွယ်သလိုပျောက်ပျက်ဖို့လည်းလွယ်ပေမယ့် စနစ်ကျလွန်းတဲ့ ကိုကိုက တစ်ချိန်ကျရင်ပြန်ကြည့်လို့ရအောင်ဆိုကာ laptopနဲ့hard diskတစ်ခုစီမှာ ဓာတ်ပုံတွေကိုသူ့folder နဲ့သူ စနစ်တကျခွဲထားတာမို့ ကိုကို့ဆီမှာဖူးငုံတို့ရဲ့အမှတ်တရဓာတ်ပုံတွေတစ်ခုမကျန်ရှိလေသည်။

"ဒါဘယ်တုန်းကပါလိမ့်"

"ဒါ ပူကြူးဒုတိယနှစ်လေ"

ရင်မှာအရင်တိုင်းWo Geschichten leben. Entdecke jetzt