အပိုင်း ၁၈

11.8K 381 41
                                    

Unicode

"အာ့ ကိုကို... အရမ်းမညှစ်နဲ့"

"ခဏလေးပါ ခဏပဲ"

"တော်ပြီလို့ နာလှပြီ"

နှာခေါင်းပေါ်ရောက်နေတဲ့ ကိုကို့လက်ကိုဆွဲဖယ်လိုက်ပြီး ပေါင်ပေါ်အိပ်နေရာမှထထိုင်လိုက်တော့ ကိုကိုက ရှည်လာပြီဖြစ်တဲ့ ဖူးငုံဆံပင်တွေကို လက်နဲ့သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးကာ အိတ်ထဲကခေါင်းစည်းကွင်းကိုရှာပြီးစည်းပေးလာသည်။

"ဒီမယ်... ဒီနားမှာနည်းနည်းကျန်သေးတယ်"

"တော်ပြီလို့... သူ့ဘာသာပျောက်သွားမှာပါဆို"

"မပျောက်ပါဘူး... ဆားဝက်ခြံဆိုတာညှစ်ပေးမှပျောက်မှာ"

"မဟုတ်ပါဘူးဆို... ကိုကို့ကြောင့် ချွေးပေါက်တွေကျယ်လာပြီး ဖူးငုံနှာခေါင်းကြီးလည်းကြီးလာပြီ"

"မကြီးပါဘူး... လှတယ်"

ပြောရင်းလက်ကနှာခေါင်းပေါ်ကိုရောက်လာပြီး ဆွဲလိုက်တာကြောင့် ပုတ်ထုတ်လိုက်တော့ ကိုကိုက ဖူးငုံမျက်နှာကိုလက်နှစ်ဖက်နဲ့ဆွဲယူကာ နှာခေါင်းကို သွားနဲ့ဖွဖွလေးကိုက်လိုက်သည်။ အားပါးတရညှစ်ထားတာကြောင့် ရဲပေါက်နေမှာဖြစ်တဲ့နှာခေါင်းကိုထပ်ပြီး ကိုက်လိုက်တာမို့ မလှမပဖြစ်နေတော့မယ့် ကိုယ့်နှာခေါင်းကိုမျက်လုံးထဲမြင်ယောင်မိပြီး ဒီ့ထက်ပိုရဲလာအောင်လုပ်ခွင့်မပြုနိုင်တော့တာမို့ ကိုကို့ခါးကိုဆွဲဖက်ပြီး ရင်ခွင်ထဲတိုးဝင်လိုက်သည်။

"ကိုကိုဖူးငုံကိုချိန်းတွေ့တာ ဖူးငုံကိုတွေ့ချင်တာလား ဆားဝက်ခြံညှစ်ပေးချင်တာလား"

"နှစ်ခုစလုံးပဲ"

ဖူးငုံမျက်နှာရှေ့လက်နှစ်ချောင်းထောင်ပြလာတာကြောင့် အဲ့လက်ချောင်းတွေကိုဆွဲယူကာကိုက်လိုက်သည်။ ကိုကိုနဲ့ချစ်သူဖြစ်ကာစက ဖူးငုံအသက် ၁၆နှစ်ကျော် ၁၇နှစ်... ဆယ်တန်းပြီးကာစ အလှအပဆိိုတာကို သိပ်နားမလည်သေးတဲ့အရွယ်၊ မာမီက skin care တွေဝယ်ဝယ်ပို့ပေးပေမယ့် လှချင်စိတ်ထက်ပျင်းတဲ့စိတ်ကပိုများတဲ့ဖူးငုံက အသားအရေကိုသိပ်ဂရုမစိုက်ခဲ့။ မျက်နှာကိုမိတ်ကပ်တော့လိမ်းပြီး ညကျသေချာမဖျက်.... ဒါကြောင့် အဲ့တုန်းက ဆယ်ကျော်သက်အရွယ်ဖြစ်တာရော ညစ်ပတ်တာရောပေါင်းကာ ဖူးငုံနှာခေါင်းမှာဆားဝက်ခြံလေးတွေအနည်းငယ်ရှိတတ်သည်။ အဲ့တာကို ကိုကိုကအူယားကာ ကြုံရင်ကြုံသလိုအမြဲ ဖူးငုံနှာခေါင်းကဆားဝက်ခြံတွေကိုညှစ်ညှစ်ပေးတတ်သည်။

ရင်မှာအရင်တိုင်းOù les histoires vivent. Découvrez maintenant