အပိုင်း ၂၁

11.9K 364 35
                                    

Unicode

"ပူကြူး စားတော့လေ အဲ့တာနောက်မှကြည့်"

ထမင်းပန်းကန်ထဲ ဟင်းတွေထည့်ပေးရင်း ပြောလိုက်တဲ့ကိုကို့အသံကြားပေမယ့် ဖုန်းကိုအကြည့်မခွာနိုင်သေး။ တစ်နေ့လုံးရိုက်ထားတဲ့ ပုံပေါင်းရာချီထဲက မလှတဲ့ပုံတွေထပ်နေတဲ့ပုံတွေကိုဖျက်နေရသည်။ ဘယ်လိုတွေတောင်ရိုက်လိုက်မှန်းမသိ ပုံတွေကိုအများကြီးပဲ.. ဒါတောင်သူများဖုန်းတွေမှာရိုက်ထားတဲ့ပုံတွေရှိသေးတယ်။ ဒီတလောတော့ အကောင့်ထဲကလူတွေမျက်စိနောက်ဖို့ပြင်ထားပေတော့...။

"ကိုကို ဒီမယ်ကြည့်"

ပုံတွေကိုကြည့်နေရင်းတစ်ပုံကိုအရောက်သဘောတကျဖြစ်ကာ ချက်ချင်းဖုန်းwallpaper ကောက်ချိန်းလိုက်ပြီး ကိုကို့ကိုပြလိုက်သည်။ ထင်းရှူးတောထဲမှာရိုက်ထားတဲ့ဒီပုံလေးထဲမှာ couple look ဆင်တူဝတ်ထားပြီး ဖူးငုံကကိုကို့ခါးကိုဖက်ကာ ကိုကို့မျက်နှာကိုမော့ကြည့်နေ၍ ကိုကိုက ဖူးငုံခေါင်းပေါ်ကိုလက်တင်ထားကာ တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်နေပုံလေးက တကယ်ကိုအသက်ဝင်လွန်းလှသည်။
ဖူးငုံတို့ကတော်တော်လိုက်ဖက်တာပဲ...။

"အင်း လှတယ်"

"ဖူးငုံတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲနော်"

"နင့်ဘယ်သူပြောတာလဲ"

"ငါ့ဘာငါပြောတာပေါ့... ဒီမယ်လေ ဘယ်လောက်လိုက်ဖက်လိုက်လဲ"

ကိုယ့်ဘာသာကြည့်ကာ သဘောတွေကျနေရင်း ပြောလိုက်တဲ့ဖူးငုံစကားရဲ့နောက် မနာလိုသံကြီးနဲ့ဝင်ပြောလိုက်တဲ့ သက်မှူးကိုမျက်စောင်းထိုးကာ ဖုန်းကိုသူ့ရှေ့ထောင်ပြလိုက်ပြီး

"ရုပ်ချင်းလည်းဆင်တယ်.. အဲ့လိုရုပ်ချင်းဆင်တဲ့သူတွေကညားတတ်တယ်တဲ့"

"ရုပ်ချင်းဆင်လို့ညားတာမဟုတ်ဘူး.. ညားသွားလို့ရုပ်ချင်းဆင်သွားတာ"

"မဟုတ်ပါဘူး"

"ဟုတ်တာပေါ့ အစကဘယ်သူမှမဆင်ဘူး... တွဲတွေ့တာကြာသွားတဲ့အခါဆင်တယ်ဖြစ်သွားတာ... နင်နဲ့ကိုထက်ပိုင်နဲ့တောင် စစချင်းရုပ်တူလို့လား"

"အေးလေ ဖူးငုံ... နင်ပဲပြောခဲ့တယ်လေ အဲ့အစ်ကိုကြီးမျက်နှာက မျက်နှာသေကြီးနဲ့ အပေါက်ဆိုးလိုက်တာဆိုပြီး"

ရင်မှာအရင်တိုင်းTempat cerita menjadi hidup. Temukan sekarang