အပိုင်း ၃၅

14.4K 442 56
                                    

Unicode

"မင်းတို့ ဝရံတာတွေကဘေးချင်းကပ်ရပ်ပေါ့"

"အေး ဟုတ်တယ်... အခန်းကမျက်နှာချင်းဆိုင်ပေမယ့် အစွန်ဆုံးအခန်းတွေဖြစ်နေတာဆိုတော့ ဝရံတာတွေကဘေးကပ်ရပ်ဖြစ်သွားတာ"

"မိုက်တာကွာ... ဒါဖူးစာပဲသိလား မင်းတို့ကညားကိုညားမှာ"

...

"ဝရံတာဘေးချင်းကပ်ရပ်ဖြစ်လို့ ညားကြကြေးဆို အိမ်နီးနားချင်းတွေအကုန်ညားကုန်တော့မှာပေါ့ ရူးကြောင်ကြောင်နဲ့"

"ဟုတ်ပ မရတနာရယ်... အဲ့ကိုဝေယံကြီးကဘာတွေပြောမှန်းမသိဘူး... သက်မှူးနင့်ရည်းစားကိုဆေးတိုက်ဦး"

"ငါ့ရည်းစားက ဘာလို့ဆေးသောက်ရမှာလဲ မှန်တာပြောနေတာပဲကို... သူတို့နှစ်ယောက်ကမညားမှာမို့လို့လား"

"ဟဲ့ ရည်းစားတွေတောင်မဟုတ်တာကို ဘာလို့ညားရမှာလဲ"

"ရည်းစားတွေမဟုတ်တာမဟုတ်ဘူး ပြန်မတွဲသေးတာ... အဲ့တာကလည်းဖူးငုံကမူနေလို့လေ နင့်သူငယ်ချင်းလည်းနင်ပြန်ကြည့်လိုက်ဦး.. ချစ်လွန်းလို့တစ်ပိုင်းမကဘူး တစ်ကိုယ်လုံးသေနေပြီ.. အဲ့တာကိုပြန်လက်မခံပဲဘာတွေအချိန်ဆွဲနေလဲမသိဘူး... မဟုတ်တဲ့သူတွေရဲ့စကားတွေနားယောင်နေတာ"

"ဘာဖြစ်လဲအချိန်ဆွဲတော့ နင်တို့မိန်းမတွေအဲ့တာခက်တာပဲ... ဒီလောက်ထိအချိန်အကြာကြီးပစ်ထားတုန်းကပစ်ထားတာကို ခုမှလာပြီးပြန်တွဲရအောင်ပြောတိုင်းချက်ချင်းခေါင်းငြိမ့်စရာလား"

"အေးလေ ငါ့ညီမတွေကလည်း မိန်းမစျေးကျလိုက်တာ"

"မရတနာကလည်း ဘာစျေးကျစရာရှိလဲ... သူချစ်ကိုယ်ချစ်ပဲဟာကို... ချစ်ရင်ချစ်တယ်ပေါ့ ဘာတွေအချိန်ဆွဲနေစရာရှိလဲ... အလကားကြည်နူးရမယ့်အချိန်လေးတွေပုပ်တယ်"

"ကြားလား ဖူးငုံ မူမနေနဲ့.. ပြန်လက်ခံလိုက်တော့"

"လက်မခံသေးနဲ့ဦး ညီမလေး.... ဒီတိုင်းသာနေ ဒါမှဒီကောင်မရိုးမရွဖြစ်နေအောင် ဒီလိုကောင်မျိုးကိုဒီလိုအပြစ်ပေးမှတော်ကာကျမှာ"

"မဟုတ်သေးပါဘူး"

"ဟုတ်တယ်"

ဝရံတာဆီကနေ ကြားလိုက်ရတဲ့ ကိုဝေယံရဲ့စကားတစ်ခွန်းကြောင့် မီးဖိုခန်းထဲမပြီးနိုင်မစီးနိုင် စကားစစ်ဖြစ်နေတဲ့လေးယောက်ကြား ဖူးငုံမှာနားတွေညည်းလာတော့သည်။
စိတ်ညစ်ရတဲ့ထဲမှာဒါတွေလည်းပါတယ်...။
ခုဆိုဖူးငုံတို့အုပ်စုထဲ အဖွဲ့တွေကွဲကုန်တော့သည်။ ကိုကိုပြန်တောင်းပန်တာကို ချက်ချင်းလက်မခံနဲ့ဆိုတဲ့ မရတနာနဲ့နွယ်နီကတစ်ဖွဲ့၊ ချစ်နေတာပဲ ဘာလို့အချိန်ဆွဲနေမှာလဲဆိုတဲ့ သက်မှူးနဲ့ဆုရည်ကတစ်ဖွဲ့ဖြစ်နေသည်။ ရှိတဲ့မိန်းကလေးငါးယောက်မှာ နှစ်ယောက်တစ်ဖွဲ့ဖွဲ့ကာ ဖူးငုံကိုဟိုဘက်ဒီဘက်ညှပ်ပိတ်ပြောနေတော့ နဂိုကတည်းက ၅၀-၅၀စီနဲ့လွန်ဆွဲနေတဲ့စိတ်က ဘယ်ဘယ်ကိုအလေးသာရတော့မယ်မသိပဲဖြစ်နေတာကြောင့် ဒီဇာတ်မြောကြီးက၂လကျော်တောင်ကြာခဲ့ပြီဖြစ်သည်။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ သက်မှူးတို့ကအနိုင်ရနေတယ်လို့ပြောရမလား။ ဘာလို့ဆိုဘယ်သူ့ကိုမှမပြောပဲ စိတ်ထဲတွေးထားတဲ့တစ်နှစ်ဆိုတဲ့အချိန်ကနေ ၆လဆိုပြီးယိုင်နဲ့သွားခဲ့ပြီမဟုတ်ပါလား။

ရင်မှာအရင်တိုင်းOpowieści tętniące życiem. Odkryj je teraz