03:16

138 17 4
                                    

'အကယ်၍ ကျွန်တော်သာ
တောင်းဆုတစ်ခု ပြုခွင့်ရခဲ့မယ်ဆိုရင်...'

'

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

...

ကျေးဇူးပြုပြီး ကယ်တင်ကြပါဦးဗျာ...

ကျွန်တော့်ရဲ့ကံကြမ္မာကြီးက အရမ်းကို ရက်စက်လွန်းတယ်။

'ဆရာဝန်တွေက သူ ဘယ်အချိန်မှ သတိပြန်ရလာမလဲဆိုတာကို အတိအကျ မပြောနိုင်ဘူး။ ဒါပေမယ့် မင်းကိုတော့ စိတ်ခိုင်ခိုင်ထားစေချင်တယ်'

ဒီစကားသံက စိမ်းသက်နေတဲ့တေးသွားတစ်ခုလိုပဲ... မကောင်းဆိုးဝါးတစ်ယောက်လိုမျိုး ကျွန်တော့်ရင်ကို ဟက်တက်ခွဲနိုင်တဲ့အထိကို အားပြင်းလွန်းတယ်။ အခုဆို ဆယ်ရက်တောင် ရှိပြီ။ ကျွန်တော် အိပ်မောကျနေတဲ့သူ့ဘေးနားမှာ နေပြီး သူ ပြန်နိုးလာမှာကိုပဲ စောင့်ကြည့်နေခဲ့ရတာ...

Ongsaရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပြောတာကတော့ အဲ့ဒီနေ့က သူ ကျွန်တော့်ကို တွေ့ဖို့အတွက် အလုပ် စောစောဆင်းပြီး အိမ်ကို ပြန်လာခဲ့တာပါတဲ့... သူ အလုပ်ကို အလျင်စလို လုပ်ခဲ့တာ... ကျွန်တော်တို့ရဲ့နှစ်ပတ်လည်နေ့ကို အတူတူကျင်းပကြဖို့အတွက်ဆိုတဲ့... ပန်းတိုင်တစ်ခုလို့တောင် ပြောဖို့ မထိုက်တန်တဲ့အရာတစ်ခုအတွက် သူ အနားတောင် မယူဘဲ အလုပ်ကို လုပ်ခဲ့ရတယ်။

ဒါပေမယ့်လည်း အဲ့ဒီကာလကြားထဲမှာ... အရာအားလုံးက ဖြစ်ပျက်သွားခဲ့တယ်။

'သားလေး Suan'

ကျွန်တော့်ရဲ့ပုခုံးတစ်ဖက်က ခပ်ဖွဖွလေး ပုတ်ပေးတာကို ခံလိုက်ရတယ်။ ကျွန်တော့်လိုမျိုး မျက်တွင်းချိုင့်နေပြီး သောကရောက်နေရတဲ့လူတစ်ယောက်ကြောင့် ကျွန်တော် အသိပြန်ဝင်လာခဲ့တာ... ကျွန်တော့်ကို အနောက်ကနေ ပြုံးပြီး ကြည့်နေတဲ့ Ongsaရဲ့အမေဖြစ်သူကို ကျွန်တော် လှည့်ကြည့်လိုက်မိတယ်။

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now