11:59

83 13 0
                                    

'အကယ်၍ ကျွန်တော်နဲ့ သူသာ
အတူတူ ရှိနေခဲ့မယ်ဆိုရင်
ကျွန်တော်တို့ နှစ်ယောက်စလုံးကို
ဆုံးရှုံးလိုက်ရမှာ...'

…

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တနင်္ဂနွေရဲ့မနက်ခင်းက နီကိုတင်းရဲ့အငွေ့အသက်တွေနဲ့ လိုက်ဖက်မှု မရှိဘူး။

လသာဆောင်ဘက်က တံခါးကို ပိတ်ထားတောင် အခန်းထဲသို့ လေနဲ့အတူ ဝင်ရောက်လာတဲ့ဆေးလိပ်ငွေ့တွေရဲ့အနံ့ကြောင့် ကျွန်တော် မျက်လုံးတွေကို ဖွင့်လိုက်မိတယ်။ ကျွန်တော့်ရဲ့ဘေးနားမှာ နေရာလွတ်နေတာ... မနေ့ညက ကျွန်တော်နဲ့အတူတူ အိပ်ခဲ့တဲ့ကောင်လေးကတော့ အပြင်မှာ တစ်ယောက်တည်း ဆေးလိပ်သောက်နေခဲ့တယ်။

ကျွန်တော် ဒီအတိုင်း လှဲနေရင်းနဲ့ သူ့ကို လှမ်းကြည့်နေခဲ့တယ်။ လူတစ်ချို့က အချိန်အများစုကို သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေကိုပဲ အာရုံစိုက်ထားလေ့ရှိကြတယ်။ ဘယ်သူကမှ နောက်ဆုံးနေ့ ရောက်လာမှာကို မလိုချင်ကြဘူးလေ... အဲ့ဒီနောက်ဆုံးနေ့က ဒီနေ့ဆိုတာကို Ongsaကို မပြောပြဖို့အတွက် ကျွန်တော့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်က ကျွန်တော့်ဆီမှာ အလုံအလောက် ရှိပြီးသား...

ကျွန်တော် ပျောက်ကွယ်သွားမယ့်နေ့လေ...

'အိပ်ချင်တယ်'

အရပ်ရှည်ရှည်နဲ့ ကောင်လေးက ဆေးလိပ်တိုကို ပန်းအိုးထဲ လွင့်ပစ်ပြီး အခန်းထဲ ဝင်လာခဲ့တာ... ပြီးတော့မှ စောင်ထဲမှာ သေချာနေရာယူပြီး လှဲနေတဲ့ကျွန်တော့်ခန္ဓာကိုယ်ပေါ် Ongsaက လှဲချလာတယ်။

'လေးတယ်ဟ...'

ခဏလောက် အိပ်ရာပေါ်မှာ လူးလှိမ့်ပြီးသွားချိန်မှာတော့ ကျွန်တော် ထပြီးတော့ ရေချိုးသန့်စင်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် အောက်ထပ်ကို ဆင်းပြီးတော့ ကွန်ဒိုအရှေ့က ဆိုင်လေးမှာ မနက်စာ စားခဲ့ကြတယ်။ ပြီးတော့မှ စာအုပ်ဆိုင်ကို ဝင်ပြီး တစ်ယောက် တစ်အုပ်စီ ဝယ်ပြီးတော့မှ အခန်းကို ပြန်လာခဲ့တာ...

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now