'အကယ်၍ အချစ်က ကောင်းကင်ကြီးသာဆိုရင်...'
...
သူက ကြောက်ဖို့ကောင်းတယ်။
'SuanSoon...'
အရူးတစ်ယောက်လိုမျိုး ကြောက်စရာကောင်းတယ်။
'ဒီကို လာခဲ့လေ...'
ဘတ်စ်ကားမှတ်တိုင်က ခုံတန်းမှာ ထိုင်စောင့်နေတဲ့လူကို ကျွန်တော် ကြည့်လိုက်မိတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ ကျောင်းယူနီဖောင်းအင်္ကျီတွေမှာ အသဲပုံစတေကာတွေ၊ အရောင်အသွေးစုံလင်လှတဲ့ ဆော့ပင်ရာတွေနဲ့ ပြည့်နှက်နေတယ်။ ဖြစ်မှာပေါ့... ဒီနေ့က ကျောင်းနှုတ်ဆက်ပွဲနေ့လေ...
ညနေ ၄နာရီမှာ တွေ့ဖို့အတွက် ကျွန်တော်တို့ ချိန်းထားကြတာ... ယုံမလားတော့ မသိဘူး။ ကျွန်တော်တို့ ဘယ်အချိန်ဘဲ ချိန်းချိန်း... သူက ကျွန်တော့်ရဲ့ကျောင်းအရှေ့မှာ အမြဲတမ်း လာစောင့်လေ့ရှိတယ်။ အင်း... ကျွန်တော်ကတော့ သူ့ရဲ့ကျောင်းကို တစ်ခါမှ မရောက်ဖူးဘူးပေါ့...
အခုက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပဲ...
'မင်း သေချာရဲ့လား'
ဘတ်စ်ကားပေါ်မှာ ထိုင်နေရင်းနဲ့ ကျွန်တော် သွယ်ဝိုက်ပြီး မေးလိုက်တဲ့အခါမှာတော့ Ongsaက အဖြေအစား ရယ်ပြလာသည်။ ပြောရရင် သူ့ရဲ့အပြုံးကို မြင်နေရတာက ကျွန်တော့်နှလုံးသားရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။
ဒီနေ့... အထက်တန်းကျောင်းပြီးသွားတဲ့နေ့မှာ အမှတ်တရအနေနဲ့ သူတို့ကျောင်းမှာ Screenအကြီးကြီးနဲ့ ရုပ်ရှင်ပြမှာတဲ့... ရတာပေါ့... အပြင်လူတွေလည်း ဝင်ခွင့်ရှိတယ်။ ဝင်ခွင့်ပေးထားက သိပ်တော့မထူးဆန်းပါ။ ဒါပေမယ့် ကျွန်တော်က အခြားကျောင်းရဲ့ယူနီဖောင်းကို ဝတ်ထားတာလေ...
YOU ARE READING
Absolute Zero (မြန်မာဘာသာပြန်)