'အကယ်၍ မင်းရဲ့မျက်ရည်စက်တွေက
မြေပြင်နဲ့ ထိတွေ့လာခဲ့ရင်...'...
Ongsaနဲ့ ကျွန်တော်က အဲ့ဒီအကြောင်းကို ထပ်ပြီးတော့ မပြောဖြစ်ကြဘူး။ ပြောရင် ကောင်းမလား၊ မပြောရင် ကောင်းမလားဆိုပြီး နွံဆွဲနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့... အချိန်ကတော့ ဒီကမ္ဘာပေါ်က အရှုပ်အထွေးတွေကို စိတ်မဝင်စားဟန်နဲ့ သူ့ဘာသာ ဆက်လက်ရွေ့လျားနေတုန်းပဲ... နောက်ဆက်ဖြစ်လာမယ့် ဇာတ်ကြောင်းတွေက ပိုပြီး ကောင်းလာမလား၊ ပိုပြီး ဆိုးရွားမလားဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း မသိပေ။
'Ongsa'
ကျောင်းဂိတ်ဝကနေ ထွက်လာတဲ့ကောင်လေးကို ကျွန်တော် လက်ပြပြီး လှမ်းခေါ်လိုက်မိတယ်။ သူက တအံ့တသြနဲ့ မျက်ခုံးတွေကို ပင့်တင်ပြီး ကျွန်တော့်ကို ကြည့်လာခဲ့တာ... ချက်ချင်းဆိုသလို အတူတူ လာခဲ့ကြတဲ့သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး သူ့ကို စောင့်နေတဲ့ကျွန်တော့်ဆီကို လျောက်လာခဲ့တယ်။
'ဘာကိစ္စရှိလို့လဲ အစ်ကို...'
'ဘာရယ် မဟုတ်ပါဘူးကွာ... ဒီအတိုင်း လာကြိုတာ...'
'ကျွန်တော့်ကို လာကြိုတာ...'
'အင်းလေ...'
'ကျွန်တော်က ကလေးမှ မဟုတ်တော့တာ...'
သူက ဟက်ဟက်ပက်ပက် ရယ်ပြီးတော့ ကျွန်တော့်ရဲ့ပုခုံးကို ဖက်လိုက်ကာ ကျောင်းရှေ့က လူသွားလမ်းမဘက်သို့ ခေါ်သွားခဲ့တယ်။
'အစ်ကို ကွန်ဒိုကနေ ဒီကို လိုင်းကားစီးလာတာလား'
'အင်း...'
'ပြီးတော့ ကျောင်းရှေ့မှာ ကျွန်တော့်ကို စောင့်နေတယ်ပေါ့...'
YOU ARE READING
Absolute Zero (မြန်မာဘာသာပြန်)