00:00

690 40 0
                                    

'အကယ်၍ သင်္ချာဘာသာရပ်မှာ သုညဆိုတာကို
မပြဋ္ဌာန်းထားခဲ့ရင်...'

တနင်္ဂနွေနေ့ ညနေခင်းမှာ နီကိုတင်း အငွေ့တွေက မခံမရပ်နိုင်လောက်အောင် ပျံ့လွင့်နေလျက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တနင်္ဂနွေနေ့ ညနေခင်းမှာ နီကိုတင်း အငွေ့တွေက မခံမရပ်နိုင်လောက်အောင် ပျံ့လွင့်နေလျက်...

အပူနှင့် အအေး၊ ပြိုးပြိုးပြက်ပြက်တောက်ပတာနှင့် မည်းမှောင်တာ၊ စိတ်ရှည်တာနှင့် စိတ်မရှည်တာ... ဆန့်ကျင်ဘက်အရာတွေက အဲ့အချိန်ကတည်းက စဖြစ်နေတာ... ကျွန်တော် ကျွန်တော့်အခန်းရဲ့လသာဆောင်မှာ ​ခြေတွဲလောင်း ချကာ ထိုင်နေရင်း ဘေးအခန်းက ယောကျာ်းလေးတစ်ယောက်ဆီက လာနေတဲ့ ဆေးလိပ်အငွေ့တွေကို ရှုလိုက်မိတယ်။ ကျွန်တော်တို့နှစ်ယောက်က ရင်းနှီးကျွမ်းဝင်တဲ့လူတွေလည်း မဟုတ်သလို... တစ်ခါမှလည်း မတွေ့ဖူးဘူး။ ဒါပေမယ့် အခုလိုမျိုး ညနေခင်းအချိန်... ကျွန်တော် လသာဆောင်ဘက် ထွက်ထိုင်မိတဲ့အချိန်တိုင်းလိုလိုမှာ သူ့ရဲ့ဆေးလိပ်နံ့ကို ရနေတာ လဝက်လောက်ရှိနေပြီ။

ကျွန်တော့်ရဲ့ဘဝတစ်လျောက် ကြုံတွေ့ခဲ့ရတဲ့ ကံကောင်းမှုတွေထဲက တစ်ခုကတော့ ကျွန်တော် နေတဲ့အခန်းက ဆယ်ထပ်မှာဖြစ်ပြီး အနောက်ဘက်အရပ်ကို မျက်နှာမူထားတာပဲ... အဲ့ဒါကြောင့် နေဝင်တဲ့ရှုခင်းကို ကျွန်တော် ကြည့်ချင်သလောက် ကြည့်လို့ ရနိုင်တယ်လေ... တိမ်ထူပြီး မိုးအုံ့တဲ့နေ့တွေက လွဲပြီးတော့ပေါ့...

ကျွန်တော့်ရဲ့မျက်လုံးတွေက ပန်းနုရောင်သန်းနေတဲ့ မိုးကုတ်စက်ဝိုင်းကြီးကို ငေးကြည့်နေမိတယ်။ သို့သော် ထိုလူ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေက ကျွန်တော့်မျက်စိအရှေ့မှာ ဖြတ်သန်းသွားလာနေတာကြောင့် သေချာမမြင်ရတော့ပေ။

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now