07:37

25 2 0
                                    

'အကယ်၍ ဆေးလိပ်သောက်ခြင်းက
ခံစားချက်တွေကို လျော့ပါးသွားစေနိုင်တယ်ဆိုရင်...'

…

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဇာတ်ကားပြီးသွားချိန်မှာ သူက ပြုံးလာတယ်...

နောက်ဆုံးမှာတော့ ကျွန်တော့်အခန်းထဲမှာပဲ ရုပ်ရှင်ကြည့်ခွင့်ရအောင် အရာအားလုံးကို ဖန်တီးခဲ့တဲ့တရားခံကတော့ Ongsaပါပဲ... ဒီညရဲ့ပတ်ဝန်းကျင်အနေအထားကတော့ ဖြည်းညင်းစွာ ကျဆင်းနေတဲ့မိုးစက်တွေကြောင့် ချမ်းစိစိဖြစ်နေလျက်... မိုးကတော့ စဲမယ့်ပုံတော့ မပေါ်...

သေလိုက်ပါတော့... ကျွန်တော့်ရဲ့နှလုံးသားက မိုးစက်သံတွေကို ကြားလိုက်ရတဲ့အချိန်တိုင်းမှာ အားပျော့လာတက်တယ်။

ပြီးတော့ တစ်စုံတစ်ယောက်ရဲ့နှလုံးသားက အားပျော့လာပြီဆိုရင် အဲ့ဒီလူက သာမန်ထက် ပိုပြီးတော့ အချစ်မှာ ကျရှုံးတက်တယ်တဲ့...

'အစ်ကို ဘယ်က သွားဌားလာတာလဲ။ ဒီနားမှာလည်း အခွေဌားဆိုင်တွေ ရှိတယ်နော်...'

ထိုကောင်လေးက အခွေကာဗာပေါ်က ဆိုင်ရဲ့စတေကာလေးကို ကြည့်ပြီး သိချင်စိတ်ကြောင့် မေးလာခဲ့တာ... ကျွန်တော်ကတော့ ပြတင်းပေါက်နားက ခုံမှာ ထိုင်ကာ ပြတင်းပေါက်ဘောင်ကို မေးတင်ထားပြီး အပြင်မှာ ကျဆင်းနေတဲ့ မိုးရေစက်တွေကို မျက်​တောင်မခတ်တမ်း ငေးကြည့်နေမိတယ်။

'ကျောင်းအိုကြီးရှေ့က ဆိုင်'

'အစ်ကို့ရဲ့ အရင်ကျောင်းလား'

'အင်း... ငါ မသွားဖြစ်တာ ဆယ်နှစ်ဝန်းကျင်လောက် ရှိပြီလေ...'

'အစ်ကိုက ဘာလို့ လူအိုကြီးတစ်ယောက်လို စကားပြောနေတာလဲ'

Absolute Zero (မြန်မာဘာသာပြန်)Where stories live. Discover now