[EPISODE -1+2]
'နွေ....
မချစ်တတ်တော့တာ ကာလတစ်ခုအထိကြာခဲ့ပြီ
မဟုတ်ဘူး....ချစ်တယ်ဆိုတာဘာလဲဆိုပြီးမေး
ရလောက်တဲ့အထိကို ငါမေ့သွားခဲ့ပြီကျွန်တော့်ရဲ့နွေ နဲ့ တစ်ဖက်သတ်လမ်းခွဲပြီးနောက် ဘယ်အရာကိုမှ မမက်မော
တတ်တော့တာလည်း ကြာခဲ့ရောပေါ့ဘာရနံ့မှမရှိတဲ့ မင်းရဲ့ ကိုယ်သင်းနံ့လေးက
ဘာမှမဟုတ်ဘဲနဲ့ကို ထူးခြားနေခဲ့တာ
မပိုင်ဆိုင်နိုင်တဲ့မင်းကို ကိုယ်ကပဲစွန့်ပစ်ခဲ့တာ
ပိုင်ဆိုင်ပြီးကာမှ ဆုံးရှုံးရရင်ပိုနာကျင်ရမှာကြောက်လို့ ခပ်မိုက်မိုက်နဲ့ မလိုချင်ဘူးလို့ ငြင်းခဲ့တာကိုယ်နှလုံးသားကထပ်မချစ်နိုင်တော့တာလား ဒါမှမဟုတ် မင်းမှမင်းဖြစ်နေတာလား
မင်းတစ်ယောက်တည်းနဲ့ပဲလုံလောက်နေတယ်ဆိုပြီး ရင်ခွင်တံခါးကို အသေပိတ်ထားခဲ့မိတာလားချစ်နေသေးတာလားဆိုတော့ မချစ်တော့ဘူး
လိုချင်လားလို့ထပ်မေးရင် မလိုချင်ဘူးပဲထပ်ဖြေဦးမှာ သိလားနွေ.....
ဒါပေမယ့် သတိရသေးလားလို့မေးရင်တော့
နွေနဲ့ကိုယ့်ရဲ့အပျော်ရဆုံးအမှတ်တရတွေကလွဲရင် တိုက်ဆိုင်မှုရှိရင်တော့ သတိရမိတာပေါ့'အပျော်ရွှင်ရဆုံးအမှတ်တရတွေကတော့ ဘ၀နဲ့ရင်းပြီး နာကြည်းစွာနဲ့ မေ့ထားရက်ခဲ့ပြီမို့ ကိုယ်ဘာမှမမှတ်မိတော့ဘူး'လို့ ရိုးသားစွာနဲ့ ကိုယ်ဖြေမိမှာ'
အဲ့အချိန်ကျရင် နွေကိုယ့်ကိုဘာပြန်ပြောလောက်မှာလဲ......ကိုယ်လေနွေ့အသံလေးကို သိပ်လွမ်းတာပဲသိလား...ဒီလိုပြောလိုက်လို့ နွေ့ကိုချစ်နေသေးတာတော့မဟုတ်ဘူးဆိုတာ ယုံပါနွေ....
နွေကိုယ့်ကိုစွန့်ပစ်ခဲ့တဲ့နေ့က
မဟုတ်ဘူး...ကိုယ်နွေ့ကိုစွန့်ပစ်ခဲ့တဲ့နေ့ကပေါ့
မိုးတွေတဖွဲဖွဲရွာနေခဲ့တာ...နွေသိလား...အဲ့နေ့မှာကိုယ်နွေ့ကိုတွေ့ချင်လွန်းလို့ မိုးရွာထဲ ပြေးပြီးလာခဲ့တာ...အဲ့မှာနွေက နွေရဲ့တစ်ယောက်သောသူနဲ့အတူ ထီးအတူစောင်းလာရင်း ရယ်မောနေကြတာ
များ....
အဲ့နေ့ကနွေ့အပြုံးကသိပ်လှတာပဲ.....
YOU ARE READING
နွေရယ် ပန်းတွေရယ် ကရုပ်ရယ်
Romanceဝိဉာဉ်.... ဟုတ်တယ် ငါကဝိဉာဉ်တစ်ယောက် ဝိဉာဉ်ထဲမှာမှ အိပ်မက်မက်လို့ရတဲ့တစ်ဦးတည်းသော ဝိဉာဉ် .......ကရုပ်..... ကရုပ်ဟာ တစ်နေ့ကိုမဖြစ်မနေ ပန်းပင်တစ်ပင်ပျိုးရတဲ့ကျိန်စာသင့်ဝိဉာဉ်တစ်ယောက်.... သာမန်လူတွေနဲ့မတူညီဘဲ ဝိဉာဉ်ဥယျာဥ်မှူးတစ်ယောက်ရဲ့ ပန်းပျိုးခင်းက...