[EPISODE 7+8]
ထိုနေ့နောက်ပိုင်းမှစ၍ ဟီသာနဲ့ကရုပ် မတွေ့ဖြစ်တော့ပါ။
ဟီသာဟာ ကရုပ်သူ့ကိုချော့သိပ်နေစဉ် ဆွဲဖြုတ် ယူထားသော လက်စွပ်လေးရဲ့ရာဇဝင်ကို စတင်စုံစမ်းလေသည်။
ရတနာပွဲစားဒိုင်ဟာ ဟီသာထုတ်ပြလိုက်သော လက်စွပ်လေးကို သေချာသန့်စင်ပြီးနောက် လက်စွပ်ရဲ့အရည်အသွေးအားခန့်မှန်းဖို့ရာ မှန်ဘီလူးဖြင့် အသေးစိတ်ကြည့်ရှုရင်း အံ့ဩမှင်သက်သွားသည်။
'ဒီ စိန်က ၂၄ ကာရက်ရှိတဲ့စိန်တုံးကြီးကနေ အပိုင်း၄ပိုင်းခွဲထားပြီး ဖွဲ့စည်းပုံကသိပ်ကို ထူးခြားတယ်။ ဘေးပတ်လည်က စိန်သေးသေး လေးတွေဟာ တစ်လုံးကို 0.5 ကာရက်၊ တစ်သက်နဲ့တစ်ကိုယ် ဒီလိုရှားပါးတဲ့စိန်မျိုးကို တစ်ခါမှမြင်ဖူးဘူး ဒါပေမယ့် တစ်ခါက
အဘိုးပြောပြဖူးတဲ့ Diamond Queen လို့တင်စားခေါ်ကြတဲ့ လက်စွပ်နဲ့တော့တစ်ပုံစံတည်းပဲ'"DIAMOND QUEEN"
အဘိုးပြောပြဖူးတာတော့ သူ့အသက်၁၀နှစ်တုန်းက မာလေမြို့ရဲ့ သန်းကြွယ်သူဋေးတွေပဲ ဝင်ခွင့်ရှိတဲ့ လေလံပွဲတစ်ခုမှာ အဲ့ဒီလက်စွပ်ကိုတွေ့ဖူးခဲ့တာတဲ့။အဲ့ဒီလက်စွပ်ရဲ့ လက်ရာမြောက်လွန်းတဲ့ သတင်းကြောင့် အခြားမြို့တွေက လူချမ်းသာတွေကပါ အဲ့နေ့ပွဲကိုတက်ခဲ့ကြတာပေါ့'
'အဲ့တော့ အဲ့လက်စွပ်ကို နောက်ဆုံးဘယ်သူပိုင် သွားလဲဟင်'
လူကုံထံအသိုင်းဝိုင်းများကျက်စားရာ
မာလေ မြို့ရှိ အကြီးဆုံး လေလံပွဲတစ်ခုတွင်ဖြစ်သည်။'ဒါကတော့ .. Diamond Queenလို့တင်စားခေါ်ရ တဲ့....ကာရက်စိန်လက်စွပ်ပဲဖြစ်ပါတယ် သူ့ရဲ့ဘေးပတ်လည်က စိန်ပွင့်တွေဟာလည်း...
'6 Million Dollars'
လေလံပွဲတင်ဆက်သူရဲ့တင်ဆက်မှုမပြီးသေးခင် ပွဲခင်းထဲမှ ထွက်လာတဲ့ တွန့်ဆုတ်မှုမရှိသော ပြတ်သားသည့် အသံတစ်ခုကြောင့် ပရိတ်သတ် များ အံ့ဩတုန်လှုပ်သွားကြသည်။
ထိုခေတ်က ဒေါ်လာ ၆သန်းဟူသော ငွေပမာဏဟာ ဆွေ၇ဆက်မျိုး၇ဆက်လောက် ဘယ် အလုပ်မှမလုပ်ဘဲ ထိုင်စားနိုင်သည့်ပမာဏဖြစ်သည့်အတွက်မည်သူမျှ ကရုပ်နဲ့ယှဉ်၍ဈေးပြိုင် မခေါ်ရဲတော့ချေ။
YOU ARE READING
နွေရယ် ပန်းတွေရယ် ကရုပ်ရယ်
Romanceဝိဉာဉ်.... ဟုတ်တယ် ငါကဝိဉာဉ်တစ်ယောက် ဝိဉာဉ်ထဲမှာမှ အိပ်မက်မက်လို့ရတဲ့တစ်ဦးတည်းသော ဝိဉာဉ် .......ကရုပ်..... ကရုပ်ဟာ တစ်နေ့ကိုမဖြစ်မနေ ပန်းပင်တစ်ပင်ပျိုးရတဲ့ကျိန်စာသင့်ဝိဉာဉ်တစ်ယောက်.... သာမန်လူတွေနဲ့မတူညီဘဲ ဝိဉာဉ်ဥယျာဥ်မှူးတစ်ယောက်ရဲ့ ပန်းပျိုးခင်းက...