[ FINAL EPISODE ]ကရုပ်ဆီကနေပြန်လာပြီးနောက်ပိုင်း ဟီသာဟာဘာစားစားမ၀င်တော့ပါ။ဘယ်သူ့ကိုမှလည်း ဘာစကားမှမပြောတော့ဘဲ အိပ်ခန်းထဲမှာပဲတံခါးပိတ်ကာနေနေတော့သည်။
မအိပ်မစားဘဲ နေ့စဉ်ရက်ဆက်တစ်ယောက်တည်း စကားပြောလိုက် ငိုလိုက် ရယ်လိုက်နဲ့ ပန်းချီများသာ ထိုင်ရေးဆွဲနေလေသည်။ သို့သော် သူမဆွဲထားသည့်ပန်းချီတွေအကုန်လုံးဟာ ကရုပ်၏ပုံတူပန်းချီကားများသာဖြစ်သည်။ အခန်းတစ်ခုလုံး၏နံရံပေါ်တွင်လည်း ကရုပ်ပုံတူပန်းချီများဟာနေရာအပြည့်ယူထားသည့်အပြင် စားပွဲပေါ်နဲ့ ကြမ်းခင်းတွေပေါ်၌လည်း ပြန့်ကျဲနေလေသည်။
သာမကမိမိ၏အားကိုးရာ အဘွားဖြစ်သူဒေါ်ခင်စံပယ်ဟာလည်း သက်ကြီးရောဂါဖြင့်မကြာသေးခင်ကဆုံးပါးသွားသောကြောင့် ဟီသာဟာ လုံး၀အသိစိတ်ကင်းမဲ့နေလေသည်။
ဒေါ်သန္တာဟာ တစ်နေ့တစ်ခြား စိတ်ကျရောဂါအခြေအနေဆိုးရွားလာသော သမီးဖြစ်သူအား ကုသရန် အမေရိကားသို့ခေါ်ဆောင်သွားလေသည်။
××××(၂)နှစ်ခန့်ကြာသောအခါအခြေအနေပိုမိုဆိုးရွားလာသည့် သမီးဖြစ်သူကို ပြန်ခေါ်
လာကာ မိမိ၏နောက်ဆုံးအကြံဖြစ်သည့်
နတ်၀င်သည်နဲ့ ပြကြည့်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ထို့ကြောင့် ဒေါ်သန္တာဟာ နောက်ဆုံးအနေနဲ့
မဗေဒါဟု အမည်ရသော မာလေမြို့ရှိ နာမည်အကြီးဆုံး ဗေဒင်ဆရာမ နတ်၀င်သည်ဆီသို့
ဟီသာကိုခေါ်လာခဲ့သည်။၁၈နှစ်အရွယ်ဟီသာ၏ ရုပ်ရည်အသွင်အပြင်ဟာ လွန်ခဲ့သော နှစ်ပေါင်း၁၀၀ကျော်က
နွေသံသာ အမည်ရတဲ့ အမျိုးသမီး၏ရုပ်ရည်
အဆင်းနဲ့ ထပ်တူကျနေသည်ကို အသက် ၁၀၀ကျော် သက်တမ်းရှိသည့်လူများသာ အတည်ပြုနိုင်ပေလိမ့်မည်။ယနေ့ခေတ်တွင်
နွေသံသာကိုကား မည်သူကသိပါပေလိမ့်။နတ်၀င်သည်ဟာ ဟီသာ၏မွေးနေ့၊ မွေးရက်တို့ကိုမေးမြန်းပြီးနောက် ဟီသာ၏ အရိုးပေါ်အရည်သာတင်နေသော လက်ကလေးကိုကိုင်ကြည့်ပြီးအာရုံခံလိုက်သည်။
ပန်းရနံ့သင်းနေတဲ့သူ
ရွှေအိုရောင်ဆံပင်ရှည်
အညိုရောင်မျက်လုံးတစ်စုံ
ဇင်ယော်တောင် မျက်ခုံးပိုင်ရှင်
ကျိန်စာသင့်နေတဲ့လက်စွပ်လေးတစ်ကွင်း။
YOU ARE READING
နွေရယ် ပန်းတွေရယ် ကရုပ်ရယ်
Romanceဝိဉာဉ်.... ဟုတ်တယ် ငါကဝိဉာဉ်တစ်ယောက် ဝိဉာဉ်ထဲမှာမှ အိပ်မက်မက်လို့ရတဲ့တစ်ဦးတည်းသော ဝိဉာဉ် .......ကရုပ်..... ကရုပ်ဟာ တစ်နေ့ကိုမဖြစ်မနေ ပန်းပင်တစ်ပင်ပျိုးရတဲ့ကျိန်စာသင့်ဝိဉာဉ်တစ်ယောက်.... သာမန်လူတွေနဲ့မတူညီဘဲ ဝိဉာဉ်ဥယျာဥ်မှူးတစ်ယောက်ရဲ့ ပန်းပျိုးခင်းက...