Part-2

20 4 0
                                    

[EPISODE 3+4]

'ဒီနေရာတစ်ခုလုံးပန်းခင်းကြီးအဖြစ်ပြောင်းလဲသွားတဲ့အခါ နွေတို့တွေ့ကြမယ်နော်'

'ငါ့ရဲ့နားတွေ နာကျင်ထုံထိုင်းနေပြီ
မျက်ခွံများလည်း‌လေးလံနေပြီ
ငါ့ရဲ့ ၀င်သက် ထွက်သက်တို့ဟာလည်း ရပ်တန့်ခဲ့ပြီ'
.....အား......
×××××××××

နံနက်ခင်းတေးဆိုရှင် ကျေးငှက်တို့ဟာ လွတ်လပ်စွာပျံသန်းနေကြရင်း သီချင်းများသီကြူးနေတဲ့စာကလေးများကတစ်ဖုံ၊အသိုက်အမြုံထဲက စာသားပေါက်‌များကို အစာခွံ့ကျွေးနေတဲ့ ငှက်တို့ကတစ်မျိုးတစ်ဖုံ ကိုယ်စီမိမိတို့ရဲ့တစ်နေ့တာကို အစပျိုးနေကြပြီ။

'ဟီသာ ထတော့ ဟီသာ'
'ထပါဦး သမီးရဲ့'

မိခင်ဖြစ်သူဟာ အိပ်ယာပေါ်မှ စောင်စကိုအရှိန်ပါပါဆွဲလိုက်သောအခါ သူမ၏သမီးအစား ဖက်ခေါင်းအုံးတစ်လုံးကိုသာမြင်တွေ့ရ၏။
××××××××

'ပန်း၉၃၆၈၁ပွင့်ထဲကနေ တစ်ပွင့်ပျောက်နေတာ မင်းခူးသွားတာလား'

ဂုတ်အောက်နားလောက်အထိရှည်နေသော
ရွှေအိုရောင်ဆံပင်တို့ဟာ လေ၏တိုးဝှေ့‌လေရာအတိုင်းနဖူးအထက်နဲ့ပါးပြင်ပေါ်၌ယိမ်းနွဲ့နေလျက်၊

သာမန်လူတွေမှာမရှိ‌သော အရောင်လဲ့နေသည့်အညိုရောင်မျက်လုံးတစ်စုံ၊

ထိုမျက်လုံးတစ်စုံ၏ဗဟိုမှ ‌ဖြောင့်တန်းစွာဆင်းသက်လာသော နှာတံလေးဟာ ထင်းနေလျက်၊

ဘယ်ဘက်ပါးပြင်ပေါ်က မှဲ့သေးသေးလေးတစ်ခု၊

လည်ပင်း၌ဆွဲထားသည်မှာလည်း တန်ဖိုးကြီး
ဆွဲသီး‌တွေအစား‌အရောင်အနည်းငယ်မှေးမှိန်နေသော လက်စွပ်လေးတစ်ကွင်းသာနေရာယူထားသော ဆွဲကြိုး။

အဖြူပိတ်အပါးဖြင့်ရက်လုပ်ထားသော
ချည်ထည် ‌‌ဗြောင်လက်တိုအင်္ကျီ၊

Style pants ‌အစိမ်းနုရောင် ဖျော့ဖျော့၊

၀တ်ဆင်ထားသည့် အင်္ကျီအဖြူဟာလည်း အနည်းငယ် ညစ်နွမ်းနေပြီဖြစ်သည်။

အသံကြားလိုက်သည်နှင့်တပြိုင်နက်
တရွေ့ရွေ့လျှောက်လှမ်းလာသောဟီသာ၏
ခြေလှမ်းများရပ်တန့်သွားပြီး အသံလားရာသို့လှည့်ကြည့်လိုက်သောအခါ ပန်းရနံ့သင်းနေတဲ့ဤမျှလောက်လှသော လူသားအား
ဟီသာမမြင်ဖူးခဲ့ချေ။

နွေရယ် ပန်းတွေရယ် ကရုပ်ရယ်Where stories live. Discover now