Part-3

14 2 0
                                    

[EPISODE 5+6]

'ဟော ဟိုမှာ ဧည့်သည်လေးလာ‌နေပါပြီ'

ကိုလူပျိုအပြောတစ်ချက်အပြီး ပန်းခင်း‌ဆီသို့ဟီသာပြေးလာသည်ကို ကရုပ်မြင်လိုက်သည်နှင့်တပြိုင်နက် ကိုလူပျိုနဲ့ကရုပ်ဟာ ‌လေဟုန်နဲ့အတူပျောက်ကွယ်သွားသည်။

'ဦး'

'ဟီသာ မြို့ကိုပြန်ရတော့မယ်'
မပြန်ခင်လေး ဦးနာမည်လေးသိသွားချင်လို့
ဦးရှိတယ်ဆိုတာ ဟီသာသိတယ် '

ဟီသာဟာ ပန်းခင်းကြီးထဲ၌ တစ်ယောက်တည်းရပ်နေရင်း မျက်၀န်းထဲမှမျက်ရည်စတို့ဟာတစ်စတစ်စကြီးထွားလာလေသည်။

'ဦး နာမည်မသိရမချင်း ဟီသာမပြန်ဘူး'
'နောက်ဆိုဦးကိုဘယ်တော့မှလာမရှာ‌တော့ပါဘူး လာရှာလို့လည်းမရလောက်‌တော့ဘူး'

ယခုအခါတော့ ဟီသာ၏မျက်၀န်းတို့မှမျက်ရည်များဟာ ဣန္ဒြေမဆည်နိုင်တော့ပေ။မျက်လုံးကိုသာစုံမှိတ်လျက် အဆက်မပြတ်ကျဆင်းလာတော့သည်။

ထိုအခါ ဟီသာ၏ပါးပြင်ပေါ်သို့လာရောက်ထိတွေ့လိုက်သော လက်တစ်ခု၏‌အေးစက်လွန်းလှသည့်အထိအတွေ့လေးအား ဟီသာခံစားမိလိုက်သည်။သို့သော် ငြင်သာမှုအတိ။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မိမိမျက်ရည်တွေကိုသုတ်ပေးနေသော လက်တစ်ခု။

'ဒီပန်းခင်းမှာ ဘယ်လူသားမှငိုခွင့်မရှိဘူး'

'ဦး.......!!!'

ဟီသာဟာမျက်စိရှေ့က ကရုပ်ကိုမြင်ပြီး
အပျော်လွန်ကာ ပြေးဖက်တော့သည်။

'ဘုတ်'

သို့သော် ကရုပ်ဟာ ကိုယ်ကိုလှည့်လိုက်သဖြင့် သူမဖက်မိလိုက်သည်မှာ ကရုပ်မဟုတ်၊မြေပြင်ပေါ်က ပန်းပင်ပေါက်တို့နဲ့မြက်တို့သာဖြစ်၏။

ကရုပ်ဟာ မြေပြင်ပေါ်ကမှောက်လျက်အ‌နေ
အထားဖြစ်နေသော ဟီသာအားငုံ့ကြည့်ကာ

'ကရုပ်လို့ခေါ်တယ်
နာမည်ပြောပြရင် ဒီကိုမလာတော့ဘူးဆိုတဲ့ကတိကိုတော့တည်‌ရမယ် ဟုတ်ပြီလား'

ဟီသာဟာ ကိုယ်ပေါ်ပေနေသော မြေကြီးများခါချပြီး မတ်တပ်ရပ်လိုက်သည်။

နွေရယ် ပန်းတွေရယ် ကရုပ်ရယ်Where stories live. Discover now