Part-5

11 2 0
                                    

[EPISODE-9+10]

'အဘွား'
'.....................'
ဟီသာဟာ အဘွားဖြစ်သူဒေါ်ခင်စံပယ် နားနားကပ်ကာ ကိုလူပျိုအကြောင်းကို ဖောက်သည်ချရင်း ကရုပ်နဲ့တိုင်ပင်ထားသည့်အစီအစဉ်ကို ‌ပြောပြလေတော့သည်။

နောက်တစ်နေ့နံနက်၌ ဟီသာဟာပန်းခင်းကြီးဆီသို့ရောက်လာခဲ့သည်။တစ်ကိုယ်တည်းမဟုတ်ဘဲ အဘွားဖြစ်သူဒေါ်ခင်စံပယ်ပါပါလာသည်။

ထိုစဉ် ကရုပ်နဲ့စကားပြောနေသော ကိုလူပျို ၏အကြည့်တို့အား တစ်မီတာအကွာလောက်ကဒေါ်ခင်စံပယ်က ဖမ်းစားလိုက်သည်။

'ခင် ခင်ဟုတ်တယ်မလား'

ကိုလူပျိုတစ်ယောက် ခင်နှင်း‌ဆီအယောင်
ဆောင်ထားသော ဒေါ်ခင်စံပယ်ကိုမြင်သည်နှင့်တစ်ပြိုင်နက် အငြိုးအတေးများဟာ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ ပျောက်သွားလေသည်။

သက်လတ်ပိုင်းအရွယ် ကိုလူပျိုဟာ မိမိထက်
အသက်၃၀ခန့်ကြီးသော အသက် ၇၀အရွယ်အဘွားတစ်ယောက်ကိုမြင်သော်လည်း
မိမိသက်လတ်ပိုင်းအရွယ်လောက်က မေတ္တာသက်ဝင်ခဲ့‌သော မခင်နှင်း‌‌ဆီကို မမေ့ပေ။

တစ်ခဏအကြာမှ သတိပြန်၀င်ကာ မေးလိုက်သည်။

'ခင် အိမ်ထောင်ကျသွားပြီမဟုတ်ဘူးလား'

'မဟုတ်ရပါဘူးကိုရယ်'

'ခင့်မှာခင်နဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့ ခင်စံပယ်ဆိုတဲ့အမြွှာ ညီမတစ်ယောက်ရှိတယ်။အဲ့တုန်းက လက်ထက်ပွဲကသူ့လက်ထက်ပွဲလေ။ ဒါကတော့ မြေးမလေးလေ
ခင်စံပယ်သမီးကမွေးတာ။နာမည်က ဟီသာတဲ့။ကို့နာမည်နဲ့ဆင်တူလေး ခင်မှည့်‌ပေးထားတာ'

'ခင်ကရော'

'ခင်ကတော့ တစ်ကိုယ်တည်း
လေ။ကို့ကို စောင့်နေတာ ကိုကတော့မပြောင်း လဲသွားဘူးနော်'

ကိုလူပျိုတစ်ယောက် နောင်တကြီးစွာရကာ
မျက်ရည်များစီးကျလာသည်။

'ခင်ရယ်'

ကရုပ်ရယ် ဟီသာရယ် ဒေါ်ခင်စံပယ်တို့၏အကြံဟာအောင်မြင်ပြီဖြစ်သည်။
×××××

ထိုနေ့ည။
'အဘွား လိမ်တာ မကောင်းဘူးဆိုပြီး
အဘွားအမြဲဆုံးမတယ်မလား'

နွေရယ် ပန်းတွေရယ် ကရုပ်ရယ်Where stories live. Discover now