Part-6

9 2 0
                                    

[EPISODE -11+12]

ကရုပ်နဲ့ ဟီသာဟာ ပန်းခင်းကြီးရဲ့အစပ်
သံသရာမြစ်ရဲ့ရေပြင်အနီးမှာထိုင်နေကြလေသည်။

ဟီသာဟာ ရေထဲသို့ ခဲလုံးတစ်လုံးကိုပစ်လိုက်သည်။

'ဒီရေတွေကတော်တော်နက်မှာပဲနော်'

ကရုပ်ဟာ ရေပြင်ကိုငေးကြည့်လိုက်ရင်း ခဏအကြာမှ ဟီသာ့အမေးကိုဖြေလေသည်။

'မသိဘူးလေ'

'ဦး ပုံပြင်ပြောပြပါလား ဟီသာနားထောင်ချင်လို့'

'ပိုးကတ္တီပါဖိနပ်လေးတစ်ရံအကြောင်းပြောပြမယ် နားထောင်မလား'

'အင်း'

'ဟိုးရှေးရှေးတုန်းကပေါ့ ပိုးကတ္တီပါသားက
ဘယ်အသားနဲ့မှမတူဘဲ အရမ်းကိုနူးညံ့ပြီးအိစက်တဲ့အပြင် အရမ်ဈေးကြီးလွန်းလို့ ဘယ်သူကမှမ၀ယ်နိုင်ဘူးတဲ့၊၀ယ်ဖို့ပိုက်ဆံရှိရင်တောင် ရှားလွန်းလို့တော်တော်ကို ရဖို့ခဲယဉ်းတာတဲ့လေ'

ဒါပေမယ့် ကောင်လေးတစ်ယောက်ကသူချစ်ရတဲ့ကောင်မလေးကိုပေးချင်လို့ဆိုပြီး အဲ့ဒီပိုးကတ္တီပါအသားကိုမရရအောင် ရှာ၀ယ်ခဲ့တယ်တဲ့။ လိုချင်တာဆိုရင် မရရအောင်ဖန်တီးတတ်တဲ့ အဲ့ဒီကောင်လေးဟာ နောက်ဆုံးတော့ လက်ကိုင်ပုဝါအရွယ်အစားလောက်ပဲရှိတဲ့ ပိုးကတ္တီပါအစလေးကို ၀ယ်လို့ရခဲ့တယ်တဲ့

အဲ့ဒါနဲ့အဲ့ဒီပိုးကတ္တီပါပိတ်စနဲ့သူချစ်ရတဲ့ကောင်မလေးအတွက် အမှတ်တရဖြစ်အောင်လို့ဆိုပြီးဖိနပ်လေးတစ်ရံလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့လိုနဲ့ ကောင်လေးက ကောင်မလေးအိပ်မောကျနေတဲ့အချိန်မှာ ကောင်မလေးရဲ့ခြေဖဝါးအတိုင်းကိုယူပြီး ပိုးကတ္တီပါသားနဲ့
ဖိနပ်လေးတစ်ရံကို ကြိုးစားပြီးကိုယ်တိုင်ချုပ်တော့တယ်တဲ့

'ဦး ကောင်လေးကဘာလို့ ကောင်မလေးကို
မမေးဘဲ သူအိပ်နေတဲ့အချိန်မှ ‌ခြေအတိုင်းကိုယူတာလဲဟင်'

'သိသွားမှာစိုးလို့ပေါ့'

'ဪ ဒါဆို အဲ့ကောင်လေးကသူချုပ်‌ပေးထားတဲ့ဖိနပ်လေးကို‌ကောင်မလေးဆီကိုယူလာပေးရင် ကောင်မလေးကအံ့ဩသွားပြီး ပျော်သွားမှာပေါ့နော်'

နွေရယ် ပန်းတွေရယ် ကရုပ်ရယ်Where stories live. Discover now