Part[2]

1.1K 53 6
                                    


ကျောင်းဂိတ်၀င်လို့ ကျွန်တော်ကိုမြင်သည်နှင့်ပြေးနှုတ်ဆက်သော ကျွန်တော်ရဲ့သူငယ်ချင်း Tang မင်းသားတစ်ယောက်ကိုမြင်သလိုပဲ ပြေးလာတာများ တစ်ခုခုထူးဆန်းနေပြီနော်ကျွန်တော်ထင်သည်

"Nattawat မင်းကွာ ငါတို့ကျောင်းနဲ့နီးတဲ့ တက္ကသိုလ်ကမမကိုသွားချောင်းမယ်ပြောထားတယ်လေကွာ မင်းစောစောခေါ်တာကိုခုချိန်ကျငါကသူ့ခြေရာဘဲမြင်ရတော့မယ်"

" Tangကျွန်တော်ပြောပြမယ် အချိန်ကိုအကျိုးမရှိဘဲမကုန်ချင်လို့နောက်ကျမိတာ ကျွန်တော်အပြစ်မြောက်ရဲ့လား"

အေးကောင်းရော မောင်မင်းကြီးသားကတရားပြန်ဟောလိုက်ပြီ အမြဲငါမှာတရားစခန်းရောက်နေသလိုဘဲ ငိုချင်လာပြီ မမရင်ခွင်လိုအပ်နေပြီ

"‌ငါမှားပါတယ် လာအတန်းနောက်ကျတော့မယ် ငါအချိန်ကိုအကျိုးရှိအောင်သုံးပါ့မယ် ဆရာ"

ကျွန်တော်ပြုံးယုံသာပြုံးနိုင်ခဲ့တယ်
ဒီသူငယ်ချင်းကတကယ်ကျွန်တော့်ကိုသည်းခံနိုင်တယ်ကျွန်တော်မှာလဲအပေါင်းအသင်းသူပဲရှိတယ်

စာသင်ခန်းထဲမှာဆရာမက လက်တွေ့ကိုတက္ကသိုလ်မှာသွားကျင့်ကမယ်ပြောခဲ့တယ် Tangတစ်ယောက်တော့ပျော်နေမယ် သူ့ရဲ့မမကိုတွေ့ရတော့မှာကို ကျွန်တော်ကအနောက်ကလိုက်ပေးကအုန်းမယ်ထင်ပါတယ်ဗျာ

လက်တွေ့ဆင်းတဲ့ချိန် ကျွန်တော်တို့နှစ်ယောက်တက္ကသိုလ်ကျောင်းတော်ကြီးကိုကြည့်ပြီး အရမ်းအံ့ဩမှင်သက်ရတယ် အဆောင်တွေအများကြီး ကျွန်တော်တို့လိုစာသင်ရတာအလေးထမ်းရသလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးသင်နေရသလိုလူတွေကသစ်လွင်လိုက်တာ ကျွန်တော်အမြင်အရ အထက်တန်းမှာဘဲစာလုပ်ရပြီး တက္ကသိုလ်ကျရင်သေချာပေါက်စာအများကြီးမဟုတ်လောက်တော့ဘူးပေါ့ဗျာ

ဆရာမပြောတဲ့အခန်းရှာရတာတကယ်မလွယ်ဘူးခေါင်းကိုမူးနေရော Tangကအဆောင်မရှာဘဲသူ့မမကိုရှာနေတာ ကောင်းနေရော

အဆောင်ကိုသဲကြီးမဲကြီးရှာနေတဲ့ကျွန်တော် တံခါးအပေါက်၀မှာလူတစ်ယောက်ကိုတိုက်မိသွားခဲ့တယ် ထိုသူကဘာမှမဖြစ်ပေမဲ့ကျွန်တော်ကလဲသွားခဲ့တယ် ထိုလူကမတောင်းပန်ဘူးဗျာသူမှားတာကို ထိုလူကိုပြောဖို့ရန်ကျွန်တော်အကြည့် ရောက်ခဲ့ရာ

ကျွန်တော်ဘေးကလူတွေဘယ်သူမှမရှိတော့သလို ကျွန်တော်တို့၂ယောက်ထဲကလှုပ်ရှားပြီးဘေးပတ်၀န်းကျင်တွေရပ်တန့်ကုန်တယ်ကျွန်တော် ထိုလူရဲ့မျက်၀န်းဝိုင်းဝိုင်းတွေထဲကအကြည့်မလွဲနိုင်ခဲ့ဘူး ကျွန်တော်သေချာကြည့်ရင်း ထိုလူကိုနာမ်စားပေးမိတယ် "ကိုကို" ဆိုတဲ့ရိုးရှင်းတဲ့အမည်နာမလေးတစ်ခုပါဘဲ

"ဟေ့ဒီမှာဘယ်က ကလေးတွေလဲလမ်းလျှောက်ရင် ဘေးဘယ်ညာကြည့်ဒါမှမဟုတ်မျက်လုံးသွားစစ် ကြောင်တောင်တောင်နဲ့"

ပြောဆိုကာ သူကထွက်သွားခဲ့တယ်ကျွန်တော်ထိုနေရာမှာ ရပ်ကျန်နေခဲ့မိတယ်Tang ကသူသွားတော့မှသတိရကာ မလှုပ်မရပ်နဲ့ကျွန်တော်ကိုပြောတယ်

"အသက်ကြီးတယ်ဆိုပြီး သက်သက်ရင့်တာ fourth ဒါနဲ့မင်းကဘာလို့ငြိမ်နေတော်ယုံမင်းအသားကိုထိရင်မကြိုက်တဲ့သူက" ကျွန်တော်ဖြေစရာမရှိခဲ့ဘာလို့ဆိုတာ အတည်မပြုချင်သေးဘူး

တွေ့‌ဆုံခြင်းကအစထဲက"ကိုကို"အတွက်ကျွန်တော်ကဖြတ်လျှောက်ဘ၀ပဲလေ ဘာတွေထပ်မျှော်လင့်ရဲပါ့မလဲ

I need love, don't throw me away (Complete)Where stories live. Discover now