Part [18]

881 54 29
                                    

နားလည်မှုတွေထပ်တူမညီတဲ့အခါ ဖြေရှင်းရသိပ်ခက်သွားသည်။ နှစ်ဦးနှစ်ဖက်ယုံကြည်မှုတွေသာ ရှိခဲ့ရင် ကိုယ်တို့အချစ်ကဘယ်လူမှ ၀င်မရအောင်ခိုင်မြဲတယ်ဆိုတာ ကိုယ်တို့ယုံကြည်တယ်။

"Hello သည်းငယ် ကိုယ့်ရဲ့ကျောင်းပိတ်ရက်တွေ (၂)ရက်ပေမဲ့ အရမ်းကြာသလိုပဲ လွမ်းတယ်"

ကိုကို ကျွန်တော့်နဲ့တွဲပြီးထဲက အများကြီးပြောင်းလဲလာခဲ့သည်။ ပြောင်းလဲလာမှုအပေါ် ကျွန်တော့်ကြောင့်ကိုကိုကအစစအရာရာ အရင်လိုမိန်းကလေးတွေနဲ့မရောတော့တာကြောင့် အများကြီးစိတ်ချမ်းသာရတယ်။ လူကတစ်ခါတစ်လေတော့မှားကြမှာဘဲ ပြန်ပြင်နိုင်တာကမှလူတော် ကိုကိုကလူတော်လေးအတော်ဆုံးဘဲ ခုလည်းကျောင်းပိတ်တာ စနေ၊တနဂ်နွေကိုအကဲပိုနေသည်။

"ကိုကို နော် အရမ်းအကဲပိုတာဘဲ ကျွန်တော့်ရှက်တယ်"

"မရှက်ပါနဲ့ကွာ ကိုယ်တို့က ဟိုဟာတောင်တူတူလုပ်ပြီးသွားပြီဘဲ နော် သည်းငယ်"

"ဟာ ကိုကိုကကွာ သွား..စိတ်ကောက်တယ် "

"အာ မလုပ်လိုက်ပါနဲ့ ကိုယ့်မှာဒီကသည်းငယ်လေးကိုပဲချစ်နေရတာကို ဥပေက္ခာမပြုလိုက်ပါနဲ့နော်"

ဖုန်းထဲကအသံလေးတောင် ဒီလောက်ချွဲနေတာအပြင်မှာဆို ကိုကို့သူ့ရင်ခွင်ထဲ၀င်ပြီးချွဲနေလောက်ပြီ။ မင်းတို့သိလား ချွဲခံရတဲ့ခံစားချက်...

"ကျောင်းဖွင့်ရင် မုန့်၀ယ်ကျွေးမယ်နော် စိတ်ကောက်ရဘူး သည်းငယ်လေး အာဘွား "

"ဟွန့် လူလည်မကြပါနဲ့ မုန့်နဲ့ကျွေးတိုင်းပြေစရာလား ဒါနဲ့ဘယ်ဆိုင်မှာကျွေးမှာလဲ "

တကယ့်ကလေးလေးပါ ကိုယ့်ချစ်သူလေးကဘာလို့အရမ်းချစ်စရာကောင်းအောင် ပြုမှုနေရတာလဲချစ်လွန်းလို့ ပါးစပ်ထဲငုံထားချင်သွားပြီ။ မုန့်တွေအ၀ကျွေးမယ် ပြီးရင်သူလဲအ၀ပြန်စားမယ် ဟင်း..ဟင်း........

"ကိုကိုလာခေါ်မယ် သည်းငယ်အိမ်ရှေ့ကနေစောင့်နေနော် အာဘွား မွ့ ....မွ့"

"ဟုတ်ကိုကို အာဘွားအကြီးကြီး "

ဖုန်းချပြီးတာနဲ့ မေမေဆီကိုသွားပြီး ကိုကိုနဲ့လျှောက်လည်ဖို့ကြိုပြောထားကမယ်။ မေမေကိုတော့ ကျွန်တော်တို့ဆက်ဆံရေးကို ဖွင့်မပြောကသေးဘူး။ နောက်တော့သေချာဖွင့်ပြောပါ့မယ် ခုအချိန်လေးတော့ခဏလိမ်ပါရစေ မေမေရယ်။

I need love, don't throw me away (Complete)Where stories live. Discover now