Part [12]

714 59 8
                                    

အချစ်ဆိုတာချစ်ပါတယ်လို့ ပြောရုံနဲ့ပြီးသ့လားတစ်ဖက်လူ့ဆီ ကိုယ့်အချစ်တွေမသက်ရောက်ဘဲချစ်တယ်ပြောရုံနဲ့ဒီချစ်သူဘ၀ကပျော်စရာကောင်းမှာတဲ့လား..

"အို့ ......ကျွတ်စ့် ကျွတ်စ့် ခေါင်းကိုက်လိုက်တာညကသောက်တာများသွားတာလားမသိ Jay Ruuဘယ်သူရှိလဲကွ"

အပေါ်ထပ်ကနေ အာပြဲလန်အောင်ခေါ်နေတယ် ထတော့ ညနေစောင်းမှထပြီး တကယ့်သူဌေးသားအရူးကောင်...

"Ruu ကအပြင်ခဏသွားတယ် မင်းသောက်တာလည်းလျော့ပါကွာ မနေ့ညကဟိုကလေးတွေတောင်အစောပြန်သွားကြတယ်"

ဒီကောင်ပြောမှသူသတိရတယ် မနေ့ညကကောင်လေးဘယ်လိုပြန်သွားတာလဲတောင်မသိလိုက်ဘူး အဲ့လောက်ထိမူးသွားတာလားငါ ဟူး...

"မင်းကိုငါမေးမို့ မင်းညကသန့်စင်ခန်းမှာဘာကိစ္စမှောက်နေတာလဲ"

သန့်စင်ခန်း မှောက်နေတယ်ဘာတွေလဲ သူသောက်ပြီး သူမေနဲ့အိပ်ခဲ့တာမဟုတ်ဘူးလားအဲ့တာမို့ ဒီမနက်အရက်နာကျတာလေအဲ့လိုမဟုတ်ဘူးလား...

"ငါသိပ်မမှတ်မိဘူး သောက်တယ် ငါ့ချစ်သူနဲ့အိပ်တယ် အခုအိပ်ယာနိုးတယ်ဒါဘဲလေ"

အယ်မဟုတ် ဒီကောင်နဲ့ဟိုကလေးကြားတစ်ခုခုတော့ရှိကမယ် ငါတွေ့တော့ဟိုကလေးမျက်နှာကရဲပလောင်းခတ်နေတာမို့ ဒီကာလနဂါးကမမှတ်မိဘူး‌ဆို ဟိုကလေးကတော့မူးမနေဘူးသူ့ကိုမေးကမယ်..

"အရူး မင်းဟာမကပြန်သွားတယ် မင်းကမူးနေတော့ သူလဲလစ်သွားတာ"

ဘာတွေလဲဟ အရက်နာကျနေတာတောင်ပျောက်ချင်သွားတယ် သောက်တာလျော့ကမယ် သူဘာအမှားမှမလုပ်ခဲ့ပါဘူးအေးဆေးပေါ့....

"ကျောင်းကိုသွားမယ် ငါရေမိုးချိုးပြီးရင်သွားမဲ့မင်းတို့စောင့်နေကြ"

_________________________________________________

"သားသားရေ ထတော့လေကျောင်းနောက်ကျမယ် ဒီကလေးအရင်နေ့တွေကဒီလိုမနိုးရပါဘူး"

ကျွန်တော်မနက်ခင်းထဲမှာ ဒီမနက်ကနောက်ကျဆုံးဘဲ ညကအတွေးလွန်ပြီး အိပ်မပျော်ဖြစ်ရင်းအချိန်ကြာသွားတာ ခုနိုးတော့ခေါင်းမကြည်ဖြစ်နေပြီ။

I need love, don't throw me away (Complete)Where stories live. Discover now