Part[6]

747 58 13
                                    

လူလူခြင်းချစ်မိတာမှားသ့လား သူကဘာပုံစံကြီးဖြစ်နေပါစေကိုယ်ချစ်ရင်ကိုယ့်မျက်စိထဲမှာသူဘာဖြစ်နေပါစေ ချစ်ပါတယ်။

မမကဒီနေ့သူ့ငယ်ချင်းအိမ်ကိုခေါ်သွားတယ် မွေးနေ့ party ပွဲလေးတစ်ခုကိုမေမေကမှာရှာတယ် မောင်လေးကိုသေချာကြည့်နော်ဆိုပြီးစိတ်ပူရှာတယ်။

"မောင်လေးရေလာ မမတို့အချိန်ကအနားကပ်နေပြီ ပွဲစပြီးမှရောက်သွားရင်အားနာစရာဖြစ်ကုန်မယ်"

"ကျွန်တော်ကပြင်စရာသိပ်မလိုတော့ သွားလို့ရပါပြီဗျာ"

မောင်နှမနှစ်ယောက်သပ်သပ်ရပ်ရပ် ၀တ်ထားပြီး P'Win Birthday party ကိုကားနဲ့သွားခဲ့ကြသည်

"Hay Bright မင်းလာပါ့မလားလို့ ငါ့ကဖိတ်သာဖိတ်ရတယ်မင်းကအလုပ်အမြဲအပြည့်"

"မဟုတ်ရပါဘူး မင်းမွေးနေ့ကိုငါမမေ့ရက်ပါဘူးမမေ့နိုင်တဲ့အမှတ်တရလှလှလေးကို ငါတို့နှစ်ယောက်ပဲသိတယ်လေ"

ထိုစကားပြောနေရင်း မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည် ဘယ်သူမှမမြင်ပေမဲ့ Winမြင်ပါသည် ။

ဒီကောင်လူဆိုးလူကြားထဲ နောက်မှဆူအုန်းမယ်သူ့ညီလေးလည်းပါတာကို..

"Nong Geminiကအရမ်းချောတာပဲ ဒါတောင်ငယ်သေးတာကို အစ်ကိုထက်သာတယ်ညီလေး"

အစကပွဲတွေလိုက်ရတာပျင်းနေတာ ဒီစကားလေးကြားတော့နားထဲကိုရေအေးလေးလောင်းချသလိုပဲအေးနေရော ...

"Thank you P'Win လူတိုင်းကလည်းချောတယ်ပြောကြပါတယ် အစ်ကိုလဲချောပါတယ် Happy birthday ပါဗျာ"

"ကျေးဇူးညီလေး.........."

ထိုအချိန်မောင်နှမနှစ်ယောက်လည်းရောက်လာခဲ့သည်..

"မွေးနေ့ရှင်ကြီး အရမ်းချောပါတယ်လို့ကျွန်မမောင်လေးကိုခေါ်လာပါတယ်ဖြစ်ရဲ့လားရှင်"

"ဖြစ်တာပေါ့ လူများတော့ပိုကြိုက်တယ် ဘယ်မှာလဲညီလေး"

"မဂ်လာပါ အစ်ကိုမွေးနေ့မှာပျော်ရွှင်ပါစေ ကျွန်တော်ဆုတောင်းပေးပါတယ်"

ဒါကျောင်းမှာစာရင်းလာဖြည့်တဲ့ကလေးလေးဘဲသူကဒီပွဲတွေလဲတက်တာဘဲလား ဒါနဲ့လည်ပင်းနည်းနည်းဟနေသလိုဘဲ ကလေးကကလေးလိုမ၀တ်ဘူး။

I need love, don't throw me away (Complete)Where stories live. Discover now