Part [17]

923 60 21
                                    

မနက်မိုးသောက်ရောက်တာနဲ့ ညကတစ်စုံတစ်ယောက်ကြောင့် စိတ်ဆိုးကာအိပ်ပျော်သွားခဲ့သောကြောင့် ပြုံးမလိုလိုနှုတ်ခမ်းပါးတွေက စိတ်ဆိုးရမှာကိုသတိရသွားတဲ့အခါ မဲ့သွားခဲ့သည်။

"ဖေဖေဒီအပတ်အတွင်း ခရီးသွားစရာရှိတယ် သားသားနဲ့သမီးကမေမေကိုဂရုစိုက်ကြရမယ်နော်"

"ဟုတ်ကဲ့ပါ‌ ဖေဖေ" (တစ်ပြိုင်တည်းပြောခြင်း)

ကျောင်းကိုသွားရန် မမကလည်းအလုပ်အလျင်လိုနေတာမို့ ကျွန်တော့်ဘတ်စ့်ကားနဲ့သာသွားရန် ကားစောင့်ရတော့မည်။ မှတ်တိုင်မှာကားစောင့်နေတုန်း မျက်စိရှေ့ကို ဖိနပ်တစ်စုံကစုံလာရပ်သောအခါ...

"ဟိုင်း ကောင်လေး မောနင်းပါ"

အစ်ကိုကဒီကိုဘာလာလုပ်တာလဲ ကားနဲ့ကျောင်းမသွားဘူးလား။ဒီနားမှာဘာရှိလို့လဲ ပြီးတော့မတွေ့ချင်ပါဘူးဆို လာနှုတ်ဆက်နေသေးတယ် ။

"အယ် တကယ့်ဆိုးတဲ့ကလေးဘဲ အကြီးကနှုတ်ဆက်ရင်ပြန်ပြောကတယ်လေ.. ဟူး...အခုခောတ်ကလေးတွေ တကယ်ဆိုးကြတာဘဲ"

ကျွန်တော့်ဆီကပြန်ရန်တွေ့မှာကို အစ်ကိုကကြံကြံဖန်ဖန်စကားတွေနဲ့ စနောက်နေသည်။ ပြောလိုက်ခြင်သည်က အစ်ကိုကပိုကလေးဆန်တာပါလို့ ဟွန့်...

"ကျောင်းတူတူသွားမယ်နော် ဘတ်စ့်ကားနဲ့ကိုယ်မသွားတတ်လို့ မင်းကဘဲကူညီပါအုန်း"

"ဟမ် အစ်ကိုကားရော..."

"အော် ကားကပျက်နေလို့လေ ...."

အိမ်ကကားအကောင်းကြီးကို ဒီတိုင်းထားခဲ့ပြီးကောင်လေးကိုချော့ချင်တာကြောင့် အနီးကပ်စကားပြောရန် ဒီလမ်းကိုရွေးရသည်။

"ဟုတ်ကဲ့ ထူးဆန်းတယ်နော် "

"ဟဲဟဲ ပုံမှန်ပါဘဲ ကောင်လေးရဲ့"

သူတို့နှစ်ယောက်စကားပြောနေရင်း ကားရောက်လာပြီမို့ကားထဲရောက်တာနဲ့ ကားခပိုက်ဆံထည့်တာကအစဘကောင်လေးဘဲလုပ်တတ်တာမို့ သူကတော့ထိုင်တဲ့နေရာမှဘဲ ကောင်လေးကိုနေရာဦးပေးပြီးထိုင်စောင့်နေသည်။

"ဟို ပိုက်ဆံပေးခဲ့ပြီနော်အစ်ကို ..."

အယ်!!အတူတူထိုင်မို့ပါဆို ဒီကလေးကကိုယ့်အနောက်မှာထိုင်သတဲ့‌...ကောင်းတယ်ဟေ့ ကောင်းတယ်။ ‌မချော့တတ်တဲ့ငါက မင်းကိုဘဲချော့နေရတာ မင်းသိရင်ကောင်းမယ်..မင်းကကံကောင်းတဲ့သူဆိုတာ .. ဘာဖြစ်လဲကောင်လေးကရှေ့ကိုလာမထိုင်တော့ သူကကောင်လေးဘေးခုံကိုထိုင်လိုက်တယ်။

I need love, don't throw me away (Complete)Where stories live. Discover now