Final

1.7K 71 30
                                    

တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိရင် ဘယ်ပြသာာနာမဆို အေးဆေးဖြေရှင်းလို့ရနိုင်သည်။ တစ်ဦးဘက်ကခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေရင် တစ်ဖက်ကလည်းသေချာစွာနားထောင်နိုင်ဖို့လိုသည်။

"ခင်ဗျား.....ဒီထိ ဘာလိုက်လုပ်တာလဲ"

ကျွန်တော်ကိုကိုကို့မတွေ့ချင်ပါ ခုနကလေးတင်သူနဲ့ပတ်သတ်တဲ့အမှတ်တရတွေထက် နာကျည်းချက်တွေခုထိခံစားနေရဆဲ ဘယ်တော့မှလည်းပြန်မနီးစပ်ချင်တော့ဘူး ကိုကို။ ဘာတွေထူးအုန်းမှာမို့ လိုက်ရှာရတာလဲ....

"ကိုယ်ပြောတာလေးနားထောင်ပြီးရင် မင်းထားခဲ့ရင်လည်းကိုယ်နေခဲ့ပါမယ် သည်းငယ်ရယ်နော်"

ဒီကိစ္စအားလုံးက သူ့မာမီကြောင့်ဖြစ်ရတာမို့ သားဖြစ်တဲ့သူကမှအဖြေရှာလို့ရနိုင်တာမို့ သူ့ချစ်သူကိုမျက်နှာပူပူနဲ့ဖြေရှင်းရမည်။ မွေးမိခင်ကိုယ်တိုင်က ဒီလိုရှက်ဖို့ကောင်းတဲ့လုပ်ရပ်ကိုလုပ်ထားတာမို့ သည်းငယ်လေးထွက်သွားတာမမှားပါဘူး။

"ကိုယ်အဲ့နေ့ကကိစ္စအားလုံး ရှင်းပြချင်တယ် သည်းငယ်"

မာမီသိသွားချိန်ကအစ သူတို့နှစ်ယောက်ကိုဘယ်လိုခွဲကြောင်းတွေ မဂ်လာကိစ္စကိုစီစဉ်တဲ့ကြားကသူနဲ့တစ်ဖက်မိန်းကလေးကလုံး၀ကန့်ကွက်ခဲ့ကြောင်း ၊သူ့မှာချစ်သူရှိနေပြီးဖြစ်၍ ချစ်သူကိုသာပိုင်ဆိုင်လိုကြောင်း၊မာမီမွေးနေ့ကသူတို့နှစ်ယောက်လုံးဆေးခတ်ခံရကြောင်း အလုံးစုံကိုသူပြောပြတော့ ကောင်လေးကငိုသည်။

"မငိုပါနဲ့ သည်းငယ်ရယ် မင်းကိုမတွေ့ရတဲ့ကိုယ်ရက်နေ့ရက်တိုင်းကို ဖြတ်ကျော်ရတာအရမ်းပင်ပန်းခဲ့တယ်"

ကျွန်တော်ကကိုကို့မာမီရဲ့ လှည့်ကွက်ထဲကိုသေသေချာချာကြီး၀င်သွားတာပဲ ကိုကိုကို့လည်းဖြေရှင်းချက်တစ်စုံတစ်ခုမတောင်းဘဲ အဝေးဆုံးကိုပြေးထွက်ခဲ့သည်။ သူကိုယ်တိုင်ပြေးထွက်လို့ ကိုကိုကို့မေ့သွားလားဆိုတော့ အရင်ကထက်ပိုလွမ်းပြီး နာကျင်ခံစားနေရသည်။ အခုကိုကိုရှင်းပြတာတွေ နားထောင်ပြီးသူတို့နှစ်ယောက်က ချစ်ရက်နဲ့ဝေးနေရသည်။ ကိုကိုရင်ခွင်ထဲပြေး၀င်လိုက်သည် ဒီရင်ခွင်ကြီးကိုဘယ်လောက်လွမ်းနေရသလဲ။

I need love, don't throw me away (Complete)Where stories live. Discover now