အချစ်ဦးကပေးတဲ့အနမ်းလောက် ရတဲ့ကျွန်တော့်ထက်ဘယ်သူကပိုပျော်ရတဲ့လူဖြစ်မှာလဲ ရှက်စရာကောင်းလိုက်တာ..
စာမေးပွဲဖြေလိုက်စာတွေကျက်လိုက် တစ်ပတ်လုံးအစ်ကိုနဲ့အစ်ကိုသူ့ငယ်ချင်းတွေနဲ့ ခင်မင်မှုတိုးခဲ့သည်။
"ကဲကဲ စာမေးပွဲဖြေပြီးပြီဆိုတော့ မနက်ဖြန်ညငါ့မွေးနေ့ကို လာနော်မလာရင်ငါနဲ့တွေ့မယ်"
Norawit တစ်ယောက်အသံကျယ်ကျယ်နဲ့ သူမွေးနေ့ကို
သေချာပေါက်လာစေချင်တဲ့ ကောင်လေးကိုသေချာကြည့်၍ပြောလိုက်သည်။"လာခဲ့ပါမယ် လာခဲ့ပါမယ်မွေးနေ့ရှင်ကြီး" (၄ယောက်လုံးသံပြိုင်ပြောလိုက်သည်)
မွေးနေ့ပွဲက လူအရမ်းများသည်လုပ်ငန်းပိုင်ကသားသမီးတွေကော ကျောင်းကလူတွေကောတော်တော်များများလာကြသည်။
"Hay Jayမင်းညီတို့ကမလာသေးပါ့လား ကြာလိုက်တာဖုန်းဆက်လိုက် လာတော့လို့"
အခုမှစတောင်မစသေး ဘယ်လိုတွေဖြစ်နေတာဒီကောင် စိတ်ချမင်းတို့ကို ညားအောင်ကိုပေးစားပြမယ်....
"မင်းကိုဖုန်းဆက်ဆို ...."
သူတို့ငြင်းခုန်နေတုန်း မွေးနေ့ပွဲထဲကိုရောက်လာတဲ့ကောင်လေး ပုံမှန်၀တ်နေကျပုံစံလေးထက်ဒီနေ့ကပိုကြည့်ကောင်းတယ် တကယ်ဖြူဖြူဖွေးဖွေးလေး မင်းက......
"မွေးနေ့မှာပျော်ရွှင်ပါစေ အစ်ကိုကျွန်တော့်လက်ဆောင် ဒီမှာ"
အစ်ကိုကအရင်နေ့တွေကထက်ပိုကြည့်ကောင်းတယ် အစ်ကိုအတွက်ပြသာာနာကဒီနေ့လဲချောတယ်နောက်နေ့လဲချောတယ် ဘယ်ချိန်ကြည့်ကြည့်ချောတယ်အရမ်းဘဲ ချောတယ်...
"ငေးနေတာလည်း လျော့ကြပါအုန်း "
ထိုစကားကြားမှနှစ်ယောက်သား အကြည့်ချင်းဆုံရာကလွဲ၍ရှက်ကိုးရှက်ကန်းဖြစ်နေသည်။
"လာဒီဘက်ကို အဲ့မှာသောက်ကျနော် မင်းတို့ကြိုက်တာစား အစ်ကိုကဧည့်သည်တွေဘက်ခဏသွားအုန်းမယ်"
"အော်ဒါနဲ့ ကောင်လေးကအချိုရည်သောက်နော် အစ်ကိုသီးသန့်ဖျော်ခိုင်းထားတယ်"
YOU ARE READING
I need love, don't throw me away (Complete)
Fanficမင်းကိုချစ်ရတာ ပင်ပန်းတယ် "ကိုကို" ငါ့ဘက်ကိုတစ်ခါလောက် လှည့်ကြည့်ပေးပါ #GeminiFourth