အပိုင်း(၁)

1.1K 7 0
                                    

အပိုင်း(၁)

လူချမ်းသာ ရက်ကွက်ထဲက အမွှာအိမ်ဆိုပြီး ပန်းရောင် တိုက်ကြီးနဲ့ အဖြူရောင်  ဆင်တူတိုက်ကြီး နှစ်အိမ် အမွှာအိမ်လို့ ခေါ်ရခြင်းကတော့ တိုက်နှစ်တိုက်က ပန်းရောင် နဲ့ အဖြူရောင်ကလွဲရင် အိမ်ဆောက်ပုံ ဒီဇိုင်း အခန်းဖွဲ့စီးပုံ နောက်ဆုံး ခြံစည်းရိုး အုတ်တံတိုင်းကအစ အကုန်ဆင်တူဖြစ်နေလို့ပါပဲ အဲ့ထက်ထူးခြားတာကတော့ အိမ်ပိုင်ရှင်အမျိုးသမီးတွေက ငယ်ငယ် ထဲကသိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့မွေးထားတဲ့ သားနှစ်ယောက်ပါ အသက်တူအရွယ်တူ အတန်းတူဖြစ်ကြပြီး ငယ်ငယ် လေးထဲက မိခင်နှစ်ယောက်ရဲ့ သတောတူညီမှု့ကြောင့် ယောကျာ်းလေးတွေဖြစ်ပေမယ့်လဲ နှုတ်အရ စေ့စပ်ထားကြတဲ့သူတွေပါ

အဲ့အမျိုးသမီးတွေက ဘယ်လောက်ထိ အကြံတူ အချစ်တူကြလဲဆိုရင် ခု အိမ်ကြီးတွေကအစ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ကအဆုံး အရောင်သာကွဲပြီး တစ်ပုံစံထဲတူတာကိုပဲ သုံးကြတာပါ  သားနှစ်ယောက်က သူတို့အမေတွေစကားကို လက်မခံနိုင်သော်လည်း အမေတွေရဲ့ အမျိုးမျိုး သောချိန်းခြောက်မှုတွေကြောင့် မလွှဲသာခဲ့ကြပါဘူး  အမေတွေနဲ့ သူတို့ရဲ့တစ်နေ့တာကတော့...

Myat စံအိမ်တွင်..

"မေမေ ဒါကဘာကြီးလဲဗျာ သားတို့သွားမှာ ကျောင်းလေ့လာရေး ခရီးလေ ဘာလို့ couple အကျီ် ကြီးလဲ ပြီးတော့လဲ ရိုးရိုး couple တောင်မဟုတ်ဘူး နံမည်ကြီးကထိုးထားသေးတယ်"

"ကာကာ မေမေ့ကို အထွန့်မတတ်နဲ့နော် ခရီး ထွက်ရမှာမို့ သားမှာရော သာသာ မှာပါ ဆိုင်သူရှိကြောင်းမေမေတို့က သိစေချင်လို့ စီစဉ် ပေးထားတာ"

"လာပြန်ပြီ မေမေရာ ဘယ်လိုကြီးတွေခေါ်ပြန်တာလဲ ဘုန်းမြတ် ဖြစ်ဖြစ် အာကာ ဖြစ်ဖြစ် ခေါ်ပါဆို မိန်းမနံမည်လိုကြီး ခေါ်ပြန်ပြီ"

"ကာကာ နဲ့ သာသာ လို့ပဲ ခေါ်မယ်လို့မေမေပြောတာလဲ အခါတစ်ထောင်မကတော့ဘူးနော် "

"ကဲပြောမရလဲ ခေါ်မေမေရယ် ခုတော့ဒီ အကျီ်မဝတ်ချင်ဘူး သားကအကြောင်းမဟုတ်ဘူးနော် မေမေ့ သာသာ ကသောင်းကျန်းမှာ မေမေတို့သူ့အကြောင်းလဲသိတာပဲ"

"THAR"Where stories live. Discover now