အပိုင်း(၇)

1.1K 49 10
                                    

အပိုင်း(၇)

"ကိုကို "

"ဟာ ခေါင် လာလေ ဘယ်ကဘယ်လို လှည့်လာတာလဲ "

"ကိုကို့ဆီပဲ တမင်လာတာ "

ကန်တင်းမှာ မုန့်စားနေကြတဲ့ ဝိုင်းသို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာတဲ့ ဝေယံထုဋ်ခေါင် သာလဲ ကြည့်မရတာကြောင့် စားစရာရှိတာသာဆက်စားလိုက်ပါတယ်

**ဟိုကောင် ကာ ကလေ ပြောတော့သာ ငါ့ကိုချစ်တယ်ဘာညာနဲ့ အဲ့ခေါင်ဆိုတဲ့ကောင်ရောက်လာရင် ပြုံးဖြီးလို့ ဟွန့်**

သာ တွေးရင်းနဲ့ပဲ စိတ်တိုတိုနဲ့ ရေသောက်လိုက်တာ သီးပါလေရော

"အဟွတ်...ဟွတ်..အဟွတ်"

"အာ သာ ရယ် မင်းကလေးလားကွာ ရေသောက်တာတောင်သီးရတယ်လို့ ရော့ တစ်ရူးနဲ့ သုတ် ငါကျောထုပေးမယ် "

ခုလိုလေး အသေးစိတ်ကအစ ဂရုစိုက် ပေးတော့လဲ သာ ကြည်နူးသလိုလိုတော့ဖြစ်မိပါတယ် အဓိက ကတော့ ခေါင် ရှေ့မှာ ကာ ကိုယ့်ကိုဂရုစိုက်ပြတာမို့ ပိုကျေနပ်တာဆို မှန်ပါလိမ့်မယ် ခေါင်ကလဲ သာနဲ့ ကာ ကို စူးစမ်းသလိုမျက်လုံးမျိုးနဲ့ကြည့်ပြီး

"ကိုကို က ခေါင် မြင်သလောက် ဒီဘက်က အကိုကို အရမ်းဂရုစိုက် တာပဲနော် ခေါင်တောက်မနာလိုဘူး ဟမ့်"

ခနဲ့ သလိုလို စကားကြောင့် အထိမခံ ကြွေပန်းကန် သာ က

"ဂရုစိုက် ဆို ကိုတို့က လက်ထက်ထားတာလေ"

"ဗျာ"

စကားနိုင် လိုချင်တာရော ကာ့ အနားအဲ့ကောင်လေး ရှိနေတာ သဘောမကျတာရောကြောင့် ကိုယ်တိုင်ပဲ မလိုချင်ပါဘူးဆိုတဲ့ အိမ်ထောင်ရေးကို တစ်စိမ်းရှေ့ သာကိုယ်တိုင်ပဲ ချပြလိုက်တာ ပထမဆုံးမို့ မိုးငယ်နဲ့ ဒယ်နီယန် ကတော့ အထာပေါက်သူ တွေပီပီ ကြိတ်ရီလိုက်ကြပေမယ်​့ အဲ့လို ပြောရင် အပျော်ဆုံးဖြစ်နေရမယ့် ကာ က တည်ငြိမ်နေတာမို့ သာ နဲနဲတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ

"ကိုကို နဲ့ ဒီကအကိုက လက်ထက်ထားတာလား"

ဒီတစ်ခါတော့ ကာ ကပဲ

"ဟုတ်တယ် ခေါင် ကိုတို့က မိဘတွေသဘောတူလို့ လက်ထက်ထားကြတာပါ တစ်ယောက်နဲ့တစ်ယောက် တော့ မချစ်ကြဘူးလေ"

"THAR"Onde histórias criam vida. Descubra agora