အပိုင်း(၈)
သာ နဲ့ကာ စကားအခြေအတင် ဖြစ်ပြီးထဲကတစ်ယောက်နဲ့ တစ်ယောက် ရှောင်နေကြတာများပြီး ထိပ်တိုက်တွေ့ကြပြန်ရင်လဲ မျက်နှာ လွှဲကာပဲ နေလိုက်ကြတာ တစ်ပတ်ကျော်ပါပြီ နောက်ဆုံးစာမေးပွဲလဲနီးပြီမို့ ကာ ကျောင်ကိုပုံမှန်ပဲတတ်ဖြစ်ပြီး သာနဲ့ စကားမပြောဖြစ်ပေမယ့် သူငယ်ချင်းလေးယောက်ကတော့ အတွဲမပျတ်ခဲ့ကြပါဘူး တစ်နေ့ သာရောက်မလာသေးခင် ကာ၊မိုးငယ်နဲ့ ဒယ်နီယန် တို့စုံကြတုန်း ဒယ်နီယန် က
"အာကာ မင်းတယ်ပဲ ကောင်းကို မေ့ပစ်တော့မလို့လား မင်းသူ့ကို ဘယ်လောက်ချစ်လဲ ငါတို့အသိဆုံးလေ"
"ငါ တစ်ခါမှ မေ့ဖို့မကြိုးစားခဲ့ပါဘူး "
"ဘယ်လို"
"မင်းတို့သိအောင် ငါအမှန်တိုင်း ပဲပြောပြမယ် ငါ သာ့ကိုဘယ်တုန်းကမှ မေ့ဖို့မကြိုးစားခဲ့ဘူး ဒယ်နီယန် မေ့လို့မရဘူးဆိုပိုမှန်ပါတယ်"
"ဒါဆို ခုမင်းလုပ်နေတာတွေက "
မိုးငယ် ကပဲ သိချင်စိတ်ထိန်းမရတာမို့ ဝင်မေးလိုက်ပါတယ်
"သူ့ကိုသူ သိလာအောင်လို့ လေ သူချစ်တာငါသိသလို မင်းတို့လဲသိပေမယ့် သာ သူ့ကိုသူမသိသလို သိလာရင်လဲ ဝန်ခံလာမှာမဟုတ်ဘူး ဒါကိုငါကောင်းကောင်းသိတယ်မိုးငယ် သူအစထဲကပျိုး ကိုချစ်ခဲ့တာမို့ ခုထိလဲချစ်တယ် ထင်နေတာသူငါ့ကိုရွေးလိုက်ရင် ပျိုးအပေါ်မတားရားဘူးဆိုတဲ့ အတွေးက သူ့ကိုအနိုင်ယူထားတာ အဲ့ဒါဘာလို့လဲဆိုရင် သူငါ့ကိုချစ်တာ သေချာမသိသေးလို့လေ သူသာသေချာသိရင် ဘာမဆိုရင်ဆိုင်ရဲလာပြီး ပြတ်သားနိုင်လာမယ်လို့ ငါထင်တယ် အဲ့ဒါ ကြောင့်သူ့စိတ်သူသိလာအောင် ငါလုပ်သင့်တယ်ထင်တာတွေလုပ်နေတာ"
"မင်းပြောတာလဲ ဟုတ်ပါတယ် ဒါပေမယ့် ကြာလာရင် မချစ်လာပဲ ခုလိုလုပ်ရပ်တွေကြောင့် မင်းကိုပိုမုန်းသွားရင်ရော ဘယ်လိုလုပ်မလဲ"
"ငါ သာ့အချစ်ကိုယုံသလို ငါ့အချစ်ကိုလဲ ငါယုံတယ်မိုးငယ် ငါချစ်သလို သာလဲချစ်နေတာမို့ အချိန်ပေးပြီး ငါစောင့်နေပေးမယ်ဆို သူ့အချစ်တွေဝန်ခံလာမှာပါ နောက်ဆုံး ထိ သာ ဝန်မခံဘူးဆိုရင်လဲ ငါ့ထိုက်နဲ့ငါ့ကံပေါ့ကွာ "
VOUS LISEZ
"THAR"
Roman d'amour"THAR" 18+မီးနီနဲ့ စကားလုံး ရိုင်းတာတွေမကြာခနပါမှာမို့ Warning ပေးပါတယ်နော် ရှေးရိုးစွဲ မဟုတ်လဲ ငါမင်းကိုရအောင်ယူမှာပဲ"သာ" ဘုန်းမြတ်အာကာ(seme) ================================ မင်းစောက်ရူးထတိုင်း ငါလိုက်မလုပ်နိုင်ဘူး ရူးမနေနဲ့ "ကာ" ကောင်းညဏ်သာ(uke) ...