အပိုင်း(၆)
ကျောင်းမှာ အခြေအတင်ဖြစ်ခဲ့ကြပြီးထဲက ပျိုးသိလိုက်တာက သာ ကာ့ကိုပြောလိုက်တဲ့စကားတွေနဲ့ တစ်ချိုလူတွေပြောစကားအရ သာ နဲ့ အာကာ မထင်မှတ်ပဲယူလိုက်ရတယ်ဆိုတာ သိလိုက်ရပြီး သာကလဲ သူ့ဘက်မှာ ရှိသေးတာမို့ သာ့ကို ချစ်နေသေးလို့မဟုတ်ပေမယ့် အာကာ့ကိုလက်စားချေချင်တာကြောင့် စိတ်ကင်ဆာ ပေးဖို့ဆုံးဖျတ်လိုက်ပြီး သာ့ကိုပြန်လက်ခံသလိုမျိုး အရင်လိုပဲ နေကြရအောင်လို့ ပြောလိုက်ပါတယ်
"ကို တကယ် အာကာနဲ့ ကွာမှာလား"
မထင်မှတ်ထားပဲ ကိုလဲ ပြောပြထားတာမျိုး မဟုတ်ပဲ သိနေပြီး မေးလာတဲ့ ပျိုးကြောင့် သာ ခနတော့ ကြောင်အမိပါတယ်
"အင်း ကို ဒီအကြောင်း ပျိုးကို ပြောမိလိုက်တာလား"
"ဟိုနေ့က မိုးငယ်နဲ့ ပြောနေတာ အမှတ်မထင်ကြားလိုက်တာ တကယ်ကွာရှင်းမှာလားပဲဖြေကွာ"
"အင်း ဟုတ်တယ် ကိုမလိုချင်တဲ့ အိမ်ထောင်ရေးပဲလေ အချိန်တစ်ခုရောက်ရင်တော့ ကွာရှင်းမှာ"
"အာကာ ကသဘောတူပါ့မလား"
"ခု ကို့ ကို သူယူတာလဲ ကို့သဘောမပါဘူးလေ"
"အင်း ဟုတ်ပါပြီ ဒါဆို ကွာရှင်းပြီးရင် ပျိုးတို့ လက်ထက်ကြမယ်"
"ဟင် ပျိုး ပျိုးက ကို့ကို ဒီအခြေအနေနဲ့ လက်ခံနိုင်ရဲ့လား"
" ဘာလဲ ကိုက ပျိုးကိုမယူချင်လို့လား"
"အာ မဟုတ်ပါဘူး ပျိုးရဲ့ ကိုတစ်ခုလပ် ဖြစ်သွားမှာလေ ပျိုးအတွက်ပြောတာပါ ကိုကမယူချင်ပဲရှိပါ့မလား ဒီလောက်ချစ်တာကို"
"ချစ်တယ် ဆိုရင် ရပြီလေ ကိုလဲ ချစ်တယ် ပျိုးလဲချစ်တယ်လေ ဒါဆိုရပြီပေါ့ မဟုတ်ဘူးလား"
ပျိုး ကအရင်ထက်ရဲတင်းသလို ဖြစ်နေပေမဲ့ ကို့ကို နားလည်ပေးတာမို့ သာတကယ်ပဲ ပျော်မိပါတယ် ပျိုး ကချစ်နေသေးတယ်တဲ့လေ ခုအရေး ကြီးတာက ပျိုးလက်ခံပေးနေတုန်း ဟိုကောင် သာနဲ့ ကွားရှင်းရမယ် ဟုတ်တယ် ကွာရှင်းရမယ်
================================
"သာ ညနေကြ မေမေတို့က ငါနဲ့မင်းကို မဂ်လာ ပွဲတစ်ခုသွားပေးပါလို့ပြောတယ် ၅နာရီ ကျော်လောက်အဆင့်သင့်လုပ်ထားနော် ငါအလုပ်ကပြန်လာတာနဲ့ သွားကြမယ်"
CZYTASZ
"THAR"
Romans"THAR" 18+မီးနီနဲ့ စကားလုံး ရိုင်းတာတွေမကြာခနပါမှာမို့ Warning ပေးပါတယ်နော် ရှေးရိုးစွဲ မဟုတ်လဲ ငါမင်းကိုရအောင်ယူမှာပဲ"သာ" ဘုန်းမြတ်အာကာ(seme) ================================ မင်းစောက်ရူးထတိုင်း ငါလိုက်မလုပ်နိုင်ဘူး ရူးမနေနဲ့ "ကာ" ကောင်းညဏ်သာ(uke) ...