အပိုင်း(အပိုင်း၁၂)
"သား ဘယ်ချိန်ထိ ကာ့ကို အဆက်အသွယ် မလုပ်ပဲနေမလို့လဲ ကာ လေးက နေ့တိုင်းနီးပါး သားကိုဆက်သွယ်မရလို့ မေမေတို့ဆီ မေးနေရှာတာ သူ့ခမြာ အလုပ်ကတစ်ဖက် ဒီကြားထဲ အချိန်ကမတူတော့ တစ်ခါတစ်လေ သူ့ဆီမှာ ညနက်နေရင်တောင် မရရတဲ့အချိန် ဆက်သွယ်နေတာသားရယ် တစ်ခါလောက်တော့ ဆက်သွယ်ဦးမှပေါ့ကွယ်"
"သာ နောက်လဆို သူ့ကိုဆက်သွယ်မှာပါမေမေ သာ တို့ကတိအတိုင်း တစ်နှစ်ပြည့်ပြီလေ "
"အိမ်ထောင်တစ်ခုက ယူချင်ရင်ယူ မယူချင်ရင်ကွာရအောင် ကစားစရာမဟုတ်ဘူး သာ တစ်ခြားသူတွေလဲဒီလိုပဲ လက်ထက်ပြီးမှ အလုပ်ကိစ္စကြောင့် နိုင်ငံခြားအလုပ်သွားလုပ်ကြတာဆန်းလို့လား အဲ့အကြောင်းပြချက်ကြောင့် ကွာကြမှာဆိုရင်တော့ မေမေတို့ရော နီလာတို့ရော လက်မခံဘူးနော် သာ ကာ လေးကလဲ မကွာပေးပါးဘူးလို့ပြောနေတာကို မငိးဘာဖြစ်နေတာလဲသာ ရယ် မေမေတော့ စိတ်သာညစ်တော့တယ်"
"မေမေ တို့က သာ့ ဘက်ကိုမှ ထည့်မတွေးပေးကြတာ နိုင်ငံခြားအလုပ်သွားလုပ်ရုံနဲ့တော့ သာ ကကွာရှင်းပါ့မလား သာ မကြည်ဖြူတဲ့လူ ကာ့ ကိုကြိုက်နေတဲ့သူနဲ့ တူတူ တစ်နေရာထဲမှာ အလုပ်သွားလုပ်တာမေမေရဲ့ သာ့ဘက်ကိုလဲတွေးပေးပါဦး အီးဟီးး"
"အဲ့တော့ မင်း ကာ့ ကို ပျတ်နိုင်တယ်ပေါ့ "
ကာ ထွက်သွားသွားချင်းတုန်းကဒီလိုမေးလာရင် ပျတ်နိုင်တယ်လို့ သာ ဖြေမိမှာပါ ခုတော့ သာ မဖြေတတ်ဘူး မဖြေနိုင်တာတိုမှန်ပါလိမ့်မယ် အချိန်တန်ရင်အဆင်ပြေသွားလိမ့်မယ် လိုထင်ခဲ့ပေမယ့် ခုတစ်လကျော် နှစ်လဖြစ်လာတဲ့အချိန်မှာတော့ သာ ကာ့ ကို လွမ်းနေမိပါပြီ လွမ်းတာကိုနာတာနဲ့ဖြေလို့ပြောကြပေမယ့်လဲ အရင်ချိန်တွေမှာ လွန်ခဲ့တာတွေက ကိုယ့်ဘက်ကပဲများတာမို့ ပြန်စဥ်းစားလေ ပိုသတိရလေသာဖြစ်နေတာမို့ သာ ရင်ထဲမချိအောင်ခံစားနေရတာ ကိုယ့်ကိုကိုသာ အသိဆုံးပါ ကာ နေ့တိုင်းဖုန်းဆက်တာကိုမကိုင်ပေမယ့် နေ့တိုင်းလာမယ့်ဖုန်းလေးကို မျှော်နေမိတယ်ဆိုတာတော့...
"ပြောလေသာ သားတို့ကွာရှင်းလဲနီလာနဲ့မေမေတို့က အရင်လိုပဲဝင်ထွက်သွားလာနေကြဦးမှာပဲ တစ်နေမဟုတ်တစ်နေ့ သာနဲ့ကာ ဆုံကြဦးမှာပဲ အဲ့လိုတွေသားတစ်ကယ်ကြုံချင်လား တစ်ကယ်ခံနိုင်ရယ်ရှိပြီလား နောက်တစ်ခု သားပြောသလို ကာနဲ့ကွာလိုက်ပြီထား ကာလေးကလဲသားပြောသလိုဟို ကောင်လေးနဲ့ ယူလိုက်ကြမယ်ဆို ငါ့သားဘက်ကအရှုံးကြီးပဲမဟုတ်ဘူးလား ဟိုဘက်ကပိုတောင်ကြိုက်ဦးမယ် ကဲ"
STAI LEGGENDO
"THAR"
Storie d'amore"THAR" 18+မီးနီနဲ့ စကားလုံး ရိုင်းတာတွေမကြာခနပါမှာမို့ Warning ပေးပါတယ်နော် ရှေးရိုးစွဲ မဟုတ်လဲ ငါမင်းကိုရအောင်ယူမှာပဲ"သာ" ဘုန်းမြတ်အာကာ(seme) ================================ မင်းစောက်ရူးထတိုင်း ငါလိုက်မလုပ်နိုင်ဘူး ရူးမနေနဲ့ "ကာ" ကောင်းညဏ်သာ(uke) ...