အပိုင်း(၁၃)

711 39 6
                                    

"အမလေး ငါ့သားမက်လေးကခုလိုပြင်ဆင်လိုက်ရင် အရမ်းကိုခန့်နေတာပါတော် ချစ်လိုက်တာ သာ လေးရယ်"

"အဲ့ဒါ ငါ့သားနော် နီလာမ သားချင်းမှားနေမယ် ဟွန့်"

အမေနှစ်ယောက်စကားနိုင်လုပြီး ကိုယ့်ကိုအမွှန်းတင်နေကြတာမို့ သာတို့ကခပ်မြောက်မြောက် ဖီးလိမ်းပြင်ဆင်ပြီးလို့ နာရီကိုကြည့်လိုက်တော့ လေယျာဥ်ချိန်နီးနေပြီမို့ သာ ကပဲစကားစဖြတ်ရပါတော့တယ်

"ကဲ မေမေနှစ်ယောက်လုံးရဲ့သား ကာ့ရဲ့ယောကျာ်းဟုတ်ပြီလား😁"

"အမလေး မပြောလဲသိပါတယ်နော် ငါ့သားတို့ကပိုလွန်းတယ်နီလာရေ မချစ်ပေလို့ပဲ 🙄"

"ဟုတ်ပါ့မိုးရယ် အစကတော့ပေးစားမိတာပဲမှားသလားပေါ့ ခုတော့ဟိုကလာခဲ့ပါတောင်မခေါ်ရသေးဘူး သွားဖို့ကပြင်နေပြီ"

"ဟုတ်ပါ့ ပြောကိုမပြောချင်ဘူး"

သာ ပြုံးရင်းပင်

"ကဲပါမေမေတို့ရယ် ကာ ကကြီးပဲသားဆီလှမ်းလာတာများပြီလေ ဒီတစ်ခါတော့ သာလဲ ကာ့ဆီ လှမ်းကြည့်ချင်လို့ပါ ပြီးတော့သူအံသြပြီးဝမ်းသာသွားတာလေး သာလဲခံစားဖူးချင်တယ်လေ အဲ့ဒါကြောင့်ပါ"

"ဟုတ်ပါပြီတော် ရှင်လေးသဘောပါ ရှင်လေးလာမယ်ဆိုတာလဲ လုံးဝကြိုမပြောထားပါဘူးရှင် "

"ဟီးးမေမေတို့ကို အချစ်ဆုံးပဲ မွမွ"

"တော်ပါ(တော်ပါ2)"

==================================

ကာ နဲ့သာ ပြန်အဆင်ပြေပြီးထဲက နေ့တိုင်း သာနဲ့ဖုန်းပြောဖြစ်ကြပြီး အရင်ကထက်ပိုချွဲတတ်လာတဲ့ သာ့ကို ကာ့မှာ ချစ်လို့ပင်မဝနိုင်ဖြစ်နေရတယ်ဆိုတာ ကာ့ကိုကာ အသိဆုံးပါ ကိုယ့်ဘက်ကစမဆက်ဖြစ်ရင်တောင် သာကဖုန်းစဆက်နေကြဆိုပေမယ့် မနေ့ကညထဲက ခုထိဆက်သွယ်မရတာကြောင့် ကာ့ရင်ထဲ မှာနေမထိထိုင်မသာ ဖြစ်နေရပါတယ် မေမေတို့ကိုမေးတော့လဲ ဟိုလိုလိုဒီလိုလိုအဖြေတွေကြောင့် ကာပိုလို့ပင်စိတ်ပူမိနေရပြန်ပါတယ်

"ဘာတွေစတန့်ထွင်ပြန်ပြီလဲ သာ ရယ် "

ထိုစဥ်

"THAR"Opowieści tętniące życiem. Odkryj je teraz