အပိုင်း(၉)

586 10 0
                                    

အပိုင်း(၉)

တကယ်တော့ ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကာ မွေးနေ့ပွဲမတိုင်ခင်ထဲကသိပြီးသားပါ ဒါပေမယ့် အနဲဆုံးတော့ သာကခုလက်ရှိ သူနဲ့ တရားဝင် ယူထားကြတာမို့ အထိုက်အလျောက်တော့ငြင်းလိမ့်မယ်လို့ ကာ မျှော်လင့်ခဲ့တာပါ ဒါပေမယ့် သာကမတားတဲ့အပြင် ကာ့ ကိုပင်အားမနာစွာ ပျိုးနဲ့ ပင် ပြုံးရယ်နေတာ မြင်လိုက်ရတော့ ကာ အားလုံးကို လက်လျော့ဖို့အတွက် လုံလောက်ခဲ့ပါပြီ

ပျိုးမွေးနေ့ ဖိတ်သောနေ့...

"ဟိတ် နင်ငါ့မွေးနေ့ကို လာဖြစ်အောင်လာရမယ်နော် အထူးအစီအစဉ်ရှိတယ်"

"ဘာကိုလဲ ပျိုး"

"နင် လာရင် သိရမှာပေါ့ "

"နင် ဘာမဟုတ်တာတွေ လုပ်မလို့လဲ သာ နဲ့ ပတ်သတ်တာဆို နင်ပဲနစ်နာမှာနော် ငါ သာ့ကို လက်လွှတ်ပေးမှာမဟုတ်ဘူး"

"အဲ့လောက် စောက်ရမ်းချစ်တတ်နေရင်လဲ လူကိုတင်မဟုတ်ပဲ သူ့စိတ်ကိုပါ ပိုင်အောင်လုပ်ထားလိုက်လေ ဘုန်းမြတ်အာကာ ဟမ့်"

ပျိုး ရဲ့ စကားတစ်ခွန်းနဲ့တင် ကာ ဘာမှဆက်မပြောနိုင်အောင် စွံ့အ ခဲ့ရပါတယ် ဟုတ်ပါတယ် ဘယ်လိုပဲသာနဲ့သူ ခန္ဓာကိုယ် ချင်း ထိတွေ့ခဲ့ပြီး တစ်အိမ်ထဲတူတူနေ ကြရပေမယ့်လဲ သာ့ စိတ်ကိုမှ သူမရခဲ့ပဲလေ သူကသာချစ်နေရပေမယ့် သာ ကမှ မချစ်တာကို ကာ မေ့နေခဲ့တာပဲ...

================================

မနက် မိုးလင်းတော့ ညက ကာနဲ့ စကားပြောဖြစ်တာတွေပြန်တွေးပြီး အိပ်ယာထဲက မထသေးပဲ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နဲ့ သာ အတွေးများနေခဲ့ပါတယ်

***ငါ မျှော်လင့်ထားတဲ့ ကိစ္စ ဆိုတာ ကာ ဘာကိုပြောချင်တာလဲ ***

တစ်ညလုံးလဲ တွေးမရပဲ နိုးလာတိုင်း အဲ့စကားကိုပဲတွေးနေမိပါတယ်

***ငါ ကရောဘာလို့ ကာ အဲ့လိုပြောတာကိုပဲတွေးပြီး စိတ်မကောင်းဖြစ်နေရတာလဲ ..အိုဘာတွေလဲကွာ.. သူ့ဘာသာသူဘာဖြစ်ဖြစ်မတွေးတော့ဘူး စိတ်ရှုတ်တယ်***

သာ အတွေးတို့ကိုဖျတ်ပြီး အိပ်ယာက လူးလဲထကာ သန့်စင်ခန်းထဲသို့ဝင်သွားလိုက်ပါတယ်

"THAR"Where stories live. Discover now