- Unicode -
" ငါ..ဒီမှာခဏနေလို့ရတယ်မလား"
ခွင့်တောင်းသည့်သဘောနဲ့ အမိန့်ဆန်တဲ့ လေသံကြောင့် သူမ ဖြေရကြပ်စွာ မျက်စိရှေ့က လူကိုသာ အကြောင်သား ငေးကြည့်နေမိတယ်၊ ထိုသူကလည်း နေလို့ရတယ်မလားသာ ပြောတာ ဆိုဖာကို မောင်ပိုင်စီးထားပြီး နေပုံထိုင်ပုံကိုက သူ့အိမ်သူ့ယာအတိုင်း။
တလက်စတည်း သွေးစက်စက်ကျနေတဲ့
ထိုသူ့ ခါးက ဒဏ်ရာကိုပါ ငေးကြည့်လိုက်မိတယ်၊ ညကြီးအချိန်မတော် ဒဏ်ရာကြီးနဲ့ အိမ်ထဲ ရောက်လာသူဟာ လူကောင်းလား လူဆိုးလား ဝေခွဲနေစရာတောင်မလို။ကြောက်စိတ်ထက် သူ့ခါးက ဒဏ်ရာကို ကြည့်ပြီး တစ်ခုခုဖြစ်ရင် သူမဆီ အမှုလာပတ်မှာသာ ပိုကြောက်မိသည်။ မနေနဲ့လို့ ပြောရအောင်လည်း သူက ကိုယ့်ထက် အိမ်ထဲ အရင်ရောက်နေပြီးသားမို့ ဘာပြောရမည်တောင် မသိတော့..။အပြင်ကို ဆွဲထုတ်ရအောင်လည်း တစ်ဖက်
လူက ယောကျာ်းလေး.. မနေခိုင်းပြန်ရင်လည်း တစ်မျိုးဖြစ်မှာမို့ ဘယ်လိုနေနေ ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲမို့အတွေးပေါင်းသောင်းခြောက်ထောင်နဲ့သာ ငြိမ်သက်နေမိတယ်။သူမ အခု ဘာ..ဆက်လုပ်ရမှာလဲ...
တဖက်ကလည်း ရုတ်တရက်ကြီး ငြိမ်ကျသွားတဲ့ ကောင်မလေးကို ကြည့်ရင်း သက်ပြင်း အသာချမိသည်။ တစ်ဖက်က အတွေးတွေနဲ့ ဘယ်လောက်ထိ ယောက်ယက်ခတ်နေမလဲ ဆိုတာ တွေးကြည့်စရာတောင်မလိုပေ။
လောလောဆယ်တော့.. သူလည်း သူ့ကိစ္စနဲ့
သူ တိုင်ပတ်နေတာမို့ တစ်စုံတစ်ယောက် အကူအညီကို ယူရုံကလွဲပြီး မရှိတော့ဘူး..လွန်ခဲ့တဲ့ နာရီဝက်ခန့်က...။
" သခင်လေး..အဆင်ပြေရဲ့လား"
စိုးရိမ်တကြီးမေးတဲ့ ညာလက်ရုံး hyung အသံက အမှောင်ထုထဲမှာ ပျံ့လွင့်လာသည်။ ဘယ်နေရာ ဘယ်ဒေသဆီ ရောက်နေပြီလဲ မသိပေမဲ့ သူတို့ အမှောင်ရိပ်ကို ခိုပြီး ပုန်းနေရတာ မိနစ်ပိုင်းလောက်ရှိနေပြီ ဖြစ်သည်။
" ဘာမှမဖြစ်ဘူး.. အသက်နဲ့ ခန္ဓာအဝေးကြီး"
ပေါ့ပေါ့ပါးပါးသာ ဖြေလိုက်ပေမဲ့ ကိုယ်လွှတ်ရုန်းပြီး ပြေးလွှားနေရတာမို့ ခါးက ဒဏ်ရာက ရှပ်ထိထားတာပေမဲ့လည်း တစထက်တစ ပိုပြီး နာကျင်လာသည်။ အထူးသဖြင့် သူ့ခြေထောက်၊ ပြေးရလွှားရမယ့် ကိစ္စမှာ အရေးအကြီးဆုံး ဖြစ်တဲ့ သူ့ခြေထောက်တွေက လှုပ်တာနဲ့ကို နာကျင်တက်လာသည်။
YOU ARE READING
𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤
Random𝗒𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍 𝗂𝗌 𝗆𝗒 𝗁𝗈𝗆𝖾. 🏡 » 𝖩𝖴𝖭𝖦𝖪𝖮𝖮𝖪 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒