Episode 08

295 28 6
                                    

( UniCode )

နေ့လည်ပိုင်း အချိန်ကို ကူးပြောင်းလာခဲ့တဲ့
အချိန်မှာတော့ ငြိမ်သထက်ငြိမ်နေဆဲ
ကျောပြင်ငယ်လေးကို တိတ်တဆိတ်ပဲ
သူ ငေး ကြည့်နေခဲ့မိတယ် ။

ဝရန်တာနားက အလင်းရောင်ကျတဲ့ နေရာလေးမှာ ထိုင်နေရင်း အပြင်ကို ငေးကြည့်
နေတဲ့ ကျောပြင်လေးက ငြိမ်သက်နေသည် ။
လက်ထဲက ပိုက်ဆံလေးတွေကို ရေလိုက် ပြန်ချလိုက်နဲ့ အတွေးထဲ နစ်မြောနေဟန် ။

" ဘာဖြစ်လို့လဲ.. ပိုက်ဆံအခက်အခဲ
ဖြစ်နေလို့လားဟင်.. babe "

မနေသာတော့တာနဲ့ အနားသွားထိုင်ပြီး
မေးကြည့်တော့မှ ဟီယောင်းက သူ့ကို ပြုံးတုံ့တုံ့လေး လှည့်ကြည့်လာတာမို့ စိတ်သက်သာရသွားမိသည် ။

" ဘာလို့လဲ? အခက်အခဲ ဖြစ်နေတယ်ဆို
ကူညီတော့မလို့လား.. အာ?! ဟုတ်သားနော်
Jeon ကျွန်မကို 1 Million ပေးဖို့ ရှိသေးတာပဲ "

" ကိုယ့်နောက်လိုက်ခဲ့ရင်တော့..ပေးစရာ မလိုတော့ဘူးမလား.. ကိုယ့် ပိုင်သမျှ အကုန်
မင်းအပိုင်ပဲလေ.. "

" အင်း..ဒါပေါ့ ဟုတ်တာပေါ့ "

ထောက်ခံသည့် လေသံလေးကလည်း
အားမရစွာ ဖျော့ဖျော့လေးပင် ။

" ဒါနဲ့ ဘာလို့ အပြင်ကိုပဲ ကြည့်နေတာလဲ
အပြင်မှာ ဘာရှိလို့လဲ? "

" Ah... အဲ့တာက "

တွေးတွေးဆဆ ဖြစ်သွားတဲ့ မျက်နှာလေးက
သူ့ကို တစ်လှည့် အပြင်ကို တစ်လှည့်
ပြန်ကြည့်ရင်း အနည်းငယ် ဗျာများသွားသည် ။

" တကယ်တော့... ဟို ငါးအူချောင်းရောင်းတဲ့ arjuma ကို မျှော်နေတာ.. ဒီနေ့တော့ ဒီဘက် ရောက်မလာနိုင်လောက်ဘူး ထင်လို့ အဲ့ဒါ.. "

" အဲ့ဒါ... Jeon သွားဝယ်ပေးနိုင်မလား? "

ရုတ်တရက်ကြီး အပြင်သွားပေးဖို့ တောင်းဆိုလာတဲ့ ဟီယောင်းကြောင့် အံ့သြသွားပေမဲ့ သူမ နေမကောင်းဘူးဆိုတဲ့ အသိကြောင့် သူ့ရဲ့အံ့သြမှုသည် ကြာကြာ မခံလိုက်ပေ ။

" ဘယ်ကို.. အဲ့ဒီ arjuma ဆီကိုလား? "

" အင်း.. arjuma က ဒီရက်ပိုင်း မလာလောက်ဘူးထင်လို့ .. arjuma ရှိတဲ့ ဆိုင်ကို သွားပြီး ငါးအူချောင်းလေး နည်းနည်း သွားဝယ်ပေးပါလား.. ကျွန်မ အခုမှ တော်တော်လေး စားချင်နေလို့ရယ် နောက်ပြီး တော့ပိုကီလေးရော ပြီးတော့ အဲ့ဒီနားမှာ ဆွန်းဒယ်ဆိုင်လေးလည်း ရှိတယ် အဲ့ဒီမှာဆို အစုံရတာမို့ အဲ့ဒါကြောင့် Jeon ဒီနေ့ ဟင်းမချက်နဲ့တော့နော် အဲ့ဒီကပဲ စားချင်လို့ သွားဝယ်ပေးပါလား .. "

𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤 Where stories live. Discover now