( UniCode )
တစ်လ.. ။
အိမ်ကို ပြန်ရောက်လာခဲ့တာ တစ်လရှိခဲ့ပြီ ။
အဖေ့ရဲ့ စျာပန ပြီးသွားတဲ့နောက်မှာ
ရှင်းရခက်နေတဲ့ ပြဿနာတွေကို ရအောင်
ဖြေရှင်းနေရင်းနဲ့ပင် သူ့မှာ လွမ်းဖျားနာ
ကျခဲ့ရသည် ။ ဖုန်းနံပါတ်ဆိုပြီး ပေးခဲ့တဲ့ လူဆိုးမလေးက ဖုန်းဆက်ရင် ဘယ်တော့မှကို မကိုင်.. စက်ပိတ်ထားပါတယ် ဆိုတဲ့ အသံကလွဲ ဘာမှမကြားခဲ့ရပေမဲ့ နေ့စဥ်ရက်ဆက် ဒီဖုန်းနံပါတ်လေးကို သူခေါ်နေမိဆဲ ။အခုလောက်ဆို သူ့အဖေဆီ ကောင်းကောင်း ပြန်ရောက်သွားလောက်ပါပြီနော်.. ဒါမှမဟုတ် အဆင်မပြေလို့များလား..
ဖုန်းများ လွှင့်ပစ်လိုက်ပြီလား.. ဒါမှမဟုတ်
တစ်ခုခု ပြဿနာများ ရှိလို့လား.. တွေးကြည့်မိရင် စိတ်ပူပန်စရာတွေပဲ ရင်ထဲ တိုးလာတဲ့
အတွက် အမြဲလိုလို သတိရနေပေမဲ့ အတတ်နိုင်ဆုံး သူမကို မေ့ထားဖို့ သူ ကြိုးစားခဲ့ပါတယ်..သို့ပေမဲ့ တိတ်ဆိတ်နေတဲ့ အိမ်ကြီးကို
ကြည့်မိတိုင်း တစ်ယောက်တည်း ညစာစား
မိတဲ့ အခါတိုင်း အပြင်ဖက်ကို ငေးကြည့်မိခဲ့ရင်တောင် အမြဲလိုလို သတိရနေခဲ့တယ်...သူမ အဆင်ပြေလောက်မှာပါ ...
ဖြေဆိုသူမဲ့နေတဲ့ ဖုန်းကို ပစ်ချလိုက်မိရင်း
ကုတင်ထက်မှာ ထပ်ပြီး လှဲလျောင်းလိုက်မိတယ် ။ သူ့ကို မေ့သွားမှာ ကြောက်တဲ့
ကောင်မလေးသာ သိရင် ပျော်နေရှာတော့မယ် သူ့မှာ တရက်လေးမှ မေ့မရခဲ့လို့ ...အပြေးလေး သွားပြီး ရှာကြည့်ချင်ပေမဲ့
အခုထက်ထိ နယ်မြေထဲက ပြဿနာတွေကို
သူ မဖြေရှင်းနိုင်သေးလို့ ဟီယောင်းကိုလည်း သူ ရှာဖို့ မဖြစ်နိုင်သေးဘူး ။သတိရနေရင်းနဲ့ပဲ ဖျားတော့မယ်
မင်း ဘယ်ရောက်နေပြီလဲ ကလေးရယ်.." သခင်လေး "
" ပြော "
" ညစာ..အဆင်သင့်ဖြစ်ပါပြီ "
" မစားချင်ဘူး "
လွမ်းနာကျနေတဲ့ ဒဏ်ကို မျက်စိ စုံပိတ်အိပ်ရင်း ဖြေဖျောက်နေမိတယ် ။ သူ နေမကောင်းမှန်း သိလို့ လက်အောက်ငယ်သားတွေက မျိုးစုံကို ဖန်တီးပြီး ပြင်ဆင်ပေးကြပေမဲ့ အရောင်စုံတဲ့ အစားအသောက်တွေအစား သူမ ပြုတ်ကျွေးတဲ့ ခေါက်ဆွဲပြုတ်လေးကိုပဲ လွမ်းနေခဲ့တယ် ။ နောက်ပြီး.. တော့ပုကီရော
ငါးအူချောင်းရော သတိရတိုင်း ဒါတွေပဲ
ပတ်စားနေခဲ့တာ အဲ့တာ ယူဟီယောင်းကြောင့်!
YOU ARE READING
𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤
Random𝗒𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍 𝗂𝗌 𝗆𝗒 𝗁𝗈𝗆𝖾. 🏡 » 𝖩𝖴𝖭𝖦𝖪𝖮𝖮𝖪 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒