( UniCode )
" ချစ်တော့..ချစ်ပါတယ် ဒါပေမဲ့.."
ငြိမ်နေရင်းနဲ့မှ ပြန်လည် ကြားယောင်လာမိပြန်တဲ့ ထို အခိုက်အတန့် ၊ သူများတွေလို မူတောင် မမူနိုင်ခဲ့ပဲ စိုးရိမ်တကြီး ဝန်ခံခဲ့မိတဲ့ ချစ်ခြင်းတွေအကြောင်း ပြန်တွေးမိရင် ပါးတွေ ပူနွေးသွားတဲ့အထိ ရှက်သွားမိတာမို့ ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလိုက်မိတယ် ။
ရှက်ဖို့ကောင်းလိုက်တာ.. ပြောတော့ ချစ်မိသွားလို့ မဖြစ်ပါဘူးဆို ဝန်ခံမိတော့လည်း
အလောသုံးဆယ်နဲ့ အဲဲ့ဒီ အတွေးနဲ့ပဲ
တစ်ညနေလုံး မပြီးမစီးနိုင်နဲ့ !!" ကျစ်! ပူလိုက်တာ..shit! "
တွေးရင်းနဲ့ သူမ အားမလိုအားမရဖြစ်ပြီး ခေါက်ဆွဲပန်းကန်ကို လက်နဲ့ သွားထိမိတာမို့
လက်က ချက်ချင်းပင် ပူတက်သွားသည် ။" ဘာဖြစ်တာလဲ..? "
" arni.. ဘာမှမဖြစ်ဘူး! ခေါက်ဆွဲပန်းကန်
ကို သွားကိုင်လိုက်မိလို့ "" သတိထားမှပေါ့ "
နောက်ကျောဘက်က လာတဲ့ သူ့အသံကား
တိုးသဲ့သဲ့ ၊ အချိန်ကတော့ ည ၇နာရီ ။
ပုံမှန်နေ့တွေဆို ဒီလိုအချိန်တွေမှာ ညစာစားပြီးနေပြီ ဖြစ်ပေမဲ့ ဒီနေ့တော့ သူမ ထမင်းမစားချင်၍ ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ပွဲတော်တည်ဖို့ ဆုံးဖြတ်ထားသည် ။ ထမင်းစားလို့ ရရဲ့သားနဲ့ သူမ စားသလို လိုက်စားတဲ့ တစ်ယောက်သော သူအတွက်လည်း စားချင်စရာ အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲဟာ မျက်စိရှေ့မှာအဆင်သင့် ရှိလို့နေသည် ။အသားအပြည့်နဲ့ ရနံ့ ၊ အရောင်အဆင်းနဲ့
ပြည့်စုံတဲ့ Poster တွေထဲကလို ခေါက်ဆွဲပြုတ်ဟာ သေချာပေါက် သူမ လက်ရာတော့
မဟုတ်ဘူးပေါ့.. သေချာပေါက် သူ ကိုယ်တိုင်
ပြုတ်ပေးခဲ့တာ ဖြစ်ပြီး သာမန် ခေါက်ဆွဲပြုတ်တွေထက် စာရင် တကယ့်ကို ပြည့်စုံသည် ။" ကဲ..ပြန်လာပါပြီ စောင့်ရတာ ကြာသွားလား"
" ခဏလေးပဲကို..ခြေထောက် အဆင်ပြေရဲ့လား "
" ပြေပါတယ်.. စားကြတာပေါ့ "
ထိုသို့နှင့် ခါတိုင်းနေ့ရက်တွေလိုပဲ ညစာ
အတူ စားဖြစ်ခဲ့ကြတယ် ။ အခြေအနေက ငြိမ်သက်နေပေမဲ့ ဒဏ်ကြေဆေးရနံ့ သင်းနေတာကို သတိထားမိပါရဲ့..ပြောတော့ အဆင်ပြေပါတယ် ပြောပြီး တစ်နေ့လုံး အညောင်းခံကာ သူမနောက်ကနေ တကောက်ကောက်လိုက်လာခဲ့တာ.. ညကျတော့ ဆေးနာနာဖိလိမ်း နေခဲ့ရလောက်မည် ။

YOU ARE READING
𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤
Random𝗒𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍 𝗂𝗌 𝗆𝗒 𝗁𝗈𝗆𝖾. 🏡 » 𝖩𝖴𝖭𝖦𝖪𝖮𝖮𝖪 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒