Episode 03

707 45 8
                                    

- UNICODE -

" ဆေးသောက်ပြီးပြီမလား.."

" အင်း.."

" ခါးက ဒဏ်ရာကရော.."

" အဲ့ဒါလည်း ဆေးပြန်ထည့်ပြီးပါပြီ.."

" အဲ့ဒါဆိုလည်း ပြီးတာပဲ..ရှင် အဆင်ပြေရင်
ကျွန်မ အိပ်တော့မယ်.."

မနက်ကတည်းက နွမ်းချင်ချင် ဖြစ်နေတဲ့
မျက်နှာလေးနဲ့ အခုတော့ အားအင်တွေ ကုန်ခမ်းသွားပြီ ထင်ပါရဲ့ အိပ်ချင်နေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို သေချာ ပြန်လာမေးပြီးမှ အိပ်ဖို့ အခန်းထဲ ပြန်ဝင်သွားတော့သည်..။

ဒီလိုကျတော့ တစ်ယောက်တည်း ပျင်းဖို့ကောင်းသွားတာမို့ ဘယ်သူမှ ရှိမနေတဲ့အတူတူ သူလည်း ဆေးသောက်ထားတာမို့ အိပ်ဖို့ ပြန်လှဲလိုက်တော့သည်။ ခဏတာ မှေးခနဲ အိပ်ပျော်သွားပြီးတဲ့နောက်မှာတော့ ချမ်းစိမ့် တက်လာတဲ့ လေ​ကြောင့် တုံ့ခနဲ လန့်နိူးသွားမိတယ်။ သူ မှုန်မှုန်ဝါးဝါးနဲ့ ထထိုင်လိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်မိတော့ တလိပ်လိပ်နဲ့ မဲမှောင်တက်လာနေတဲ့ မိုးသားတွေ..။ မကြာလိုက် အေးမြ ချမ်းစိမ့်နေတဲ့ လေအေးတွေနဲ့ အတူ သူ ငေးကြည့်နေဆဲ အချိန်အတွင်းမှာတင် မိုးဒေဝေါက တဝုန်းဝုန်းနဲ့ကို ရွာချလာတော့သည်။

မိုးပြိုကျသည့် အခိုက်အတန့်မျိုး...။

မိုးလေတွေ ပြင်းထန်လွန်းလို့ သူထိုင်ကြည့်နေတဲ့ ဆိုဖာနားအထိပါ မိုးရေစက်တွေ လာစင်နေတာမို့ ပြတင်းပေါက်ကို ထပိတ်မယ် အပြု ကျွီခနဲ ထွက်လာတဲ့ တံခါးဖွင့်သံနဲ့အတူ
မျက်လုံးထောင့်ကနေ ဖြတ်ခနဲ အရိပ်လေး ဖြတ်ပြေး သွားတာကို မြင်လိုက်ရသည်..။

ဟီယောင်း?

" ရှင်..ပြတင်းပေါက် ပိတ်လေလို့ ဆိုဖာတွေ
စိုရွဲကုန်ရင် ဘယ်လိုလုပ်မလဲ.."

" Yaa.. ငါ့အဝတ်တွေ!! "

လှည့်ကြည့်မိတော့ မိုးရွာလို့ နိုးသွားပုံပေါ်တဲ့
ဟီယောင်းက သူ့ကိုလည်း လှမ်းဆူရင်း
ဝရန်တာက လှမ်းထားတဲ့ အဝတ်တွေကို ကမန်းကတန်း ပြေးရုတ်နေတာကို တွေ့လိုက်ရသည်။ သူမရဲ့ စကားအတိုင်း ပြတင်းပေါက်
ပိတ်ပြီးချိန်မှာတော့...။

𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤 Where stories live. Discover now