- Unicode -
" Ok.. ဒီလောက်ဆိုရပြီ "
အရသာရှိမရှိ မြည်းစမ်းကြည့်ပြီးတဲ့ နောက်မှာတော့ သူ စိတ်ကျေနပ်သွားပြီမို့ ဟင်းချက်ခြင်း အလုပ်ကို လက်စသတ်လိုက်သည် ။
သင်းပျံ့နေတဲ့ စွပ်ပြုတ်ရနံ့ မွှေးမွှေးလေးက
ပျံ့လွင့်နေပြီး မီးဖိုချောင်ထဲ ဝင်လေ့ဝင်ထ မရှိပေမဲ့ သူ့ လက်ရာသည် မပြောင်းမလဲ၊ ကိုယ့်ဘာသာကိုယ်ဆို ချက်စားလေ့မရှိပေမဲ့ ဒီအိမ်ရောက်မှ ဝါသနာလာထုံနေတာမို့ အတွေးပေါက်ပြီး ရီချင်သွားမိတယ်။ စျေးက ပြန်လာတည်းက နာကျင်နေတဲ့ ကိုယ့်ခြေထောက်ကိုယ်မေ့ပြီး ချက်ပြုတ်နေခဲ့တာ။မောပန်းတယ်လို့လည်း မထင်မိပါ၊ လုပ်ပေးရတဲ့ ရည်ရွယ်ချက်ကိုက ဂရုစိုက်ပေးချင်လို့
ဖြစ်ပြီး သူ့ရဲ့ စိတ်နဲ့ နှလုံးသား တကယ့်ကို
ပင် တစ်သားတည်း ဖြစ်နေခဲ့သည်။" ဟီယောင်း..? "
အဆင်မပြေသေးတဲ့ ခြေထောက်ကို ဆေး
ပြန်လိမ်းပြီးတာနဲ့ စျေးက ပြန်ရောက်ကတည်းက ငြိမ်သွားတဲ့ ကောင်မလေးကို ပြေးကြည့်ရသည်။ ဘယ်လောက်တောင် မူးဝေနေခဲ့လဲ မသိ အိပ်ပျော်နေတာများ တစ်ချက်တောင် မလှုပ်တော့လည်း မနှိုးချင်ပေမဲ့ဆေးသောက်ချိန်ကျ လာနှိုးပါ ဆိုတဲ့ အမိန့်အရ တကူးတက သွားနှိုးရသည် ။" နိုးပြီလား.. "
" အင်း "
" ဆေးသောက်လို့ရပြီ.."
" အင်း.. "
ထထိုင်ပြီး အိပ်ချင်မှုးတူးနဲ့ တအင်းအင်း ဖြစ်နေတာမို့ မျက်လုံး မပွင့်တပွင့်ဖြစ်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ဟက်ခနဲ ရီလိုက်မိတယ်။
" ဗိုက်ဆာနေမှာပဲ..ကြက်စွပ်ပြုတ်လေး ခပ်ထားပေးခဲ့တယ်.. စားပြီးမှ ပြန်အိပ်လိုက်နော် "
" ဟုတ်လား..ကျေးဇူးပါပဲ "
" ထူပေးရဦးမလား.."
" နည်းနည်း.. "
မူးဝေနေတာထက် မထချင်ဖြစ်နေတဲ့ ရုပ်လေးမို့လို့ လက်ကလေး လှမ်းလာတာနဲ့ ဆွဲထူလိုက်မိတော့ ခန္ဓာကိုယ်ပါးပါးလေးက
ဆွေ့ခနဲ ပါလာသည် ။

YOU ARE READING
𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤
De Todo𝗒𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍 𝗂𝗌 𝗆𝗒 𝗁𝗈𝗆𝖾. 🏡 » 𝖩𝖴𝖭𝖦𝖪𝖮𝖮𝖪 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒