- Unicode -
" အဆင်ပြေတာမို့လို့.. မသွားပါဘူးဆို ~ "
ငြီးတွားသံ အပြည့်နဲ့ စိတ်ဆိုးချင်ချင် ဖြစ်နေတဲ့ မျက်နှာလေးကြောင့် စောင်ကို ခေါက်ပေးနေရင်း သူ ပြုံးလိုက်မိသည် ။
မနက်ခင်း အေးအေးလေးမှာ ဖွင့်ပြောဖို့ထက်
ဟီယောင်းကို ဆေးရုံပို့ဖို့ အရင် စည်းရုံးနေရသည် သူ့ဆီကနေ အကြောင်းပြုပြီး ဖြစ်တဲ့
အဖျားသွေးက မပြတ်တဲ့အပြင် ဒီနေ့ မနက်မှာတော့ မျက်လုံးတွေ ပွင့်မလာတဲ့ သူမကို အိပ်ယာထဲကနေ မနည်းနှိုးလိုက်ရတဲ့ အချိန်မှာ စိုးရိမ်မှု ဒီဂရီတွေ မြင့်တက်သွားတာမို့ ဆေးရုံကို ခေါ်သွားမှ ရတော့မည် ။" Jeon! "
" ပြော.."
" မသွားဘူးလို့.. "
" ဘယ်ဖြစ်မလဲ..မင်း မသက်သာရင်
ပို ဒုက္ခရောက်လိမ့်မယ်ဆိုတာ မသိဘူးလား "" ဘာပဲဖြစ်ဖြစ် မသိဘူး
အပြင်မထွက်ချင်ဘူးလို့! "ငြင်းဆန်နေတာကို ကြည့်ပြီး ပိုပြီးတော့တောင် ဂရုသက်မိတယ်။ အဖေဖြစ်သူကြောင့် အိမ်ထဲမှာ ပုန်းအောင်းနေရမှန်းသိလို့ အတင်းလည်း မခေါ်ရက်ပေ။ ဒါပေမဲ့ သူ့မှာလည်း အချိန်တွေက သိပ်မရှိတော့ဘူး.. အခုအချိန်ထိ သူမကို ဘယ်လိုလုပ်ပြီး ထားခဲ့ရမှာလဲ ဆိုတဲ့ မေးခွန်းအတွက် ကွက်လပ်ကြီး ဖြစ်နေတုန်းပဲ ။
" လာပါကွာ..ဒီလိုနဲ့ ကိုယ် ထွက်သွားတဲ့အခါကျရင် မင်း ဒီအတိုင်း ကျန်ခဲ့ရင် သေသွားလိမ့်မယ်နော် "
" ထွက်သွားတော့မှာလား? "
ရုတ်တရက်ကြီး မငြင်းဆန်တော့ပဲ ပြန်မေးလာတာမို့ သူ့မှာ ဘာဖြေရမည်မသိ။ သူမ မျက်ဝန်းတွေက စိုးရိမ်ရိပ်တွေနဲ့ အံ့သြရိပ်တွေ ရောပွန်းနေတာမို့ ပျော်စရာမဟုတ်တာတောင် ရင်ထဲ အေးသွားမိတယ်။ သူ့အပေါ်စိတ်ဝင်စားမှုလေးတော့ ရှိနေသေးတာပဲ..။
" မဟုတ်ဘူး.. အခုတော့ မဟုတ်သေးပါဘူး "
" အခု..မဟုတ်ရင် ဘယ်နေ့လဲ "
" ဒီရက်ပိုင်း "
" သြော်.. "
" သဘက်ခါလောက် ဖြစ်မယ် ထင်တယ်.."
![](https://img.wattpad.com/cover/352946422-288-k636479.jpg)
YOU ARE READING
𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤
عشوائي𝗒𝗈𝗎𝗋 𝗁𝖾𝖺𝗋𝗍 𝗂𝗌 𝗆𝗒 𝗁𝗈𝗆𝖾. 🏡 » 𝖩𝖴𝖭𝖦𝖪𝖮𝖮𝖪 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 | 𝖲𝗁𝗈𝗋𝗍 𝖲𝗍𝗈𝗋𝗒