Episode 02

707 49 4
                                    

- Unicode -

တံခါးကို ကျောမှီထားမိရင်း ဖုန်း Contact လေးထဲဝင်ပြီး ဖုန်း screenကို အတန်ကြာတဲ့အထိ ကြည့်နေမိတယ်။ နာရီပိုင်းလောက်
ရှိနေပြီ အိပ်မရခဲ့..ကိုယ့် အိမ်မှာ ဘယ်ကမှန်း မသိတဲ့ လူစိမ်းတစ်ယောက်နဲ့ အတူရှိနေရတဲ့ ခံစားချက်က အဆင်မပြေ၊ သို့ပေမဲ့ ပိုပြီး
အဆင်မပြေဖြစ်ရတဲ့ အကြောင်းအရင်းကား
သူမ တစ်ခုခုဖြစ်ခဲ့လျှင်တောင် သူမက သက်ဆိုင်ရာကို ခေါ်လို့မရချေ ။

ရဲခေါ်လိုက်လို့ Appa သာ သိသွားရင် သေတာထက်ပိုပြီး ဆိုးလိမ့်မည်၊၊ အခုတောင် Appa က သူမကို လိုက်ရှာနေတာ ကိုယ့်ဘာသာ ဒုက္ခတောထဲ ပြေးနေရတာတောင် ဒုက္ခက ထပ်ပြီး ရောက်လာသေးတယ်။

အခုထိတော့.. အဆင်မပြေ တပြေနဲ့
ကတိပေးထားတယ်ဆိုပေမဲ့..ယုံလို့ရပါ့မလား?

နာရီကိုလှမ်းကြည့်လိုက်မိတော့ (2:32 PM) တဲ့ ဒီလောက်ဆို ထိုလူလည်း အိပ်သွားလောက်ပြီမလား.. စိတ်ထဲ တနုံနုံဖြစ်နေတာနဲ့ သူမ
ထကြည့်ဖို့ ​ဆုံးဖြတ်လိုက်ပြီး ဂျက်လေးကို အသာ ဆွဲဖွင့်လိုက်မိတယ်။ အခန်းအပြင်ကို ချောင်းကြည့်လိုက်တော့ ဘယ်လောက်မှ မဝေးတဲ့ ဆိုဖာထက်မှာ ထိုသူသည် ကွေးကွေးလေး အိပ်နေသည်။ သူ့ဟာသူတောင် ဒဏ်ရာကြီးနဲ့ လှုပ်လို့တောင် ရမည့်ပုံမပေါ်တာမို့ သူမလည်း စိတ်လျော့လိုက်ပြီး တံခါးပြန်ပိတ်ဖို့ အပြင်။

" အင်း ဟင်း..ဟင်းး "

ခပ်တိုးတိုးလေး ပျံ့လွင့်လာတဲ့ ညည်းညူသံ
တစ်ချက်ကြောင့် မျက်လုံးတွေ ပြူးကျယ်သွားမိတယ်။ ဒီအိမ်မှာ သူမနဲ့ ထိုလူကလွဲပြီး
တခြားလူမရှိ..ထိုလူ့ဆီကလား?

" ဒီမယ်..ရှင် ဖျားနေတာလား.."

ခြေသံလေးဖွပြီး မဝံ့မရဲနဲ့ အသံလာရာကိုသွားကြည့်မိတော့ အသက်ရူသံတွေသာ ထွက်လို့ ဆိုဖာထက်မှာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ လက်တွေနဲ့ မေးမရ ပြုမရနဲ့ အဖျားတက်သလို တအင်းအင်း ဖြစ်နေသည့်သူ။ ထိုသူ့ရဲ့ နဖူးပြင်ကိုပါ မရဲတရဲ သွားစမ်းကြည့်မိတော့ မီးကျီခဲလို ပူကျစ်နေတာမို့ သူမ လန့်သွားသည်။

ဆိုဖာထက်မှာ ခိုက်ခိုက်တုန်လို့ သွေးတွေအတိုင်းသား ကွက်နေတဲ့ အင်္ကျီနဲ့ ခါးကလည်း ဒဏ်ရာရထားသေးတယ် ဒီဒဏ်ရာ..ဒီအဖျားနဲ့ ဒီလိုကနေ သူသေတော့မှာ မဟုတ်ဘူးလား?

𝖬𝖸 𝖧𝖤𝖠𝖱𝖳'𝖲 𝖧𝖮𝖬𝖤 Where stories live. Discover now