Episode 1

91 11 1
                                    


ဆယ်ကျော်သက်အရွယ်မှာ တွေ့ရတဲ့အချစ်က စိတ်ကစားမှုသက်သက်ပဲတဲ့ ​
ဒါတွေကို ငါမယုံဘူး လွန်းပြည့်
ငါမင်းကိုပဲယုံတယ်
မင်းကသာ ငါ့အတွက် ပထမဆုံးနဲ့နောက်ဆုံးပါ
ငါ့ကိုငါ LGBT အဖြစ်မခံယူခဲ့ဖူးဘူး
ငါက ဒီတိုင်း supporterအဖြစ် တခြားBLအတွဲတွေကိုပဲ မြင်ခဲ့ဖူးတာ
ငါအရင်က မတွေးတတ်ခဲ့ဘူး
လူတစ်ယောက်ကို အရာရာပုံအပ်တာ
လူတစ်ယောက်ကြောင့် မျက်ရည်ကျတာ
လူတစ်ယောက်ကြောင့် ပျော်ရွှင်တာ
လူတစ်ယောက်ကြောင့် သေဆုံးတာနဲ့
လူတစ်ယောက်ကြောင့် ရင့်ကျက်လာတာ
လူတစ်ယောက်က အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြိုလဲတာ
ရေချိုးခန်းထဲ တစ်ယောက်ထဲ ကြိတ်ငိုတာ
ဒါတွေအကုန်လုံးကို အချစ်ဆိုတဲ့ စကားစုလေးတစ်ခုက ပြုလုပ်နိုင်ရဲ့လားပေါ့
ကြည့်ရတာ ဘုရားသခင်က ငါ့ကို ဒီအဖြေကို တွေ့စေချင်လို့ မင်းနဲ့ဆုံခွင့်ပေးလိုက်တာနေမှာပါ...

~~~~~~~~~~~

"သားငယ် သင်တန်းက ပြန်လာတာ စောလှချည်လား"

အိမ်ထဲသို့ လှမ်းဝင်လာသည့် မာနကျော်စွာကို သူ၏မိခင်မှ လှမ်း၍မေးခြင်းဖြစ်သည်

"ဟုတ်တယ် မာမား
ဒီနေ့ ကကြိုးမောင်တို့အဖွဲ့နဲ့ ကိုခွန်းသုခတို့
အဖွဲ့ infinity Talk ပြိုင်ကြတာလေ
အဲ့တာကြောင့် ဆရာကစာလဲသိပ်မသင်ဘူး"

"ဆိုတော့ ဒါကြောင့် စောစောပြန်လာတယ်ဆိုပါတော့"

"အာ ဆရာက ပြန်ချင်တဲ့လူပြန်လို့ရပြီလို့ ပြောလို့ ပြန်လာတာပါနော်"

"အေးပါကွယ်
သားငယ် ဗိုက်ဆာနေပြီလား"

"အွန့် ဒီနေ့ သူများစကား​ပြောတာတွေကြည့်ရင် သူတို့အစားဗိုက်ဆာနေတာ"

"ဟယ် ဒီကလေးကတော့ သူများစကားပြောတာကြည့်ရင်း သူတို့အစားရေဆာရမှာ မဟုတ်ဘူးလား မင်းမှ ပေါက်ပေါက်ရှာရှာ ဗိုက်ဆာရတယ်လို့"

"အဲ့တာကတော့ မနက်ကဘာမှမှမစားသွားလိုက်ရတာ miloတစ်ခွက်ပဲ သောက်လိုက်ရတာကို"

"အေးပါကွယ် မားဒီနေ့ သားငယ်အကြိုက် လက်ဖက်သုပ်ထားပေးတယ်"

"ယေး!"

xxxxxxx

"ဒီကလေးကတော့ လက်ဖက်သုပ်လည်းကြိုက်တာပဲလား"

Maze🍀Where stories live. Discover now