"ကိုကိုဒီတစ်ပတ်ကျောင်းက သူငယ်ချင်းတွေနဲ့စုပြီး short tripလေးသွားမလို့ ရလားဟင်"
"မရဘူး"
"ကိုကိုကဘာလဲဗျာ"
"ဘာကမှာလဲမလိုက်ရမှာပေါ့ နောက်မှကိုယ်လိုက်ပို့မယ်"
"မရဘူး သူငယ်ချင်းတွေနဲ့သွားတာနဲ့ ကိုကိုနဲ့သွားတာမတူဘူးလေ"
"ချန်းယောင်း မင်းကငါနဲ့သွားရတာမကြိုက်ဘူးလို့ ပြောချင်တာလား"
ချန်းယောင်းနဲ့ဆောင်ချန်းဟာ ဒီလိုအချိန်ဆိုတကျက်ကျက်။ ဆောင်ချန်းကအကဲပိုလွန်းတာလား ချန်းယောင်းကပဲ ကလေးဆန်လွန်းတာလားဆိုပြီး မေးခွန်းထုတ်မယ့်အစား နှစ်ယောက်လုံးအလွန်ပဲလို့တွေးထားရင် ပိုပြီးမှန်ပါလိမ့်မယ်။
ဆောင်ချန်းက ချန်းယောင်းကိုဆို ရည်းစားကောင်လေးဆိုတာထက် ကလေးတစ်ယောက်ကိုပိုးမွေးသလိုမွေးပြီးပြုစုပျိုးထောင်လာသည့် ဖေဖေကြီးလိုပင်။ ရင်ခွင်ထဲပဲထည့်ထားချင်သည့်သူ။
ချန်းယောင်းကတော့ လူငယ်ပီပီပျော်ပျော်နေပြီး ဆောင်ချန်းကိုလဲအတော်ချစ်ရှာသည်။ ဆောင်ချန်းကတချို့အချိန်တွေဆို သူ့ထက်ငယ်သည့်ကလေးတစ်ယောက်လို စကားနာထိုးလိုက်၊ ငိုအောင်လိုက်စလိုက်နှင့်ပင်။ ဒီလိုဆူခါနီးကျရင်တော့ ဖေဖေကြီးမုဒ်နဲ့ပါပဲ။
ချန်းယောင်းကစကားနည်းပြီး သူငယ်ချင်းအပေါင်းအသင်းရှားသည်။ ထိုသည်ကိုဘယ်ကသူငယ်ချင်းတွေနဲ့ခင်ပြီး ဘယ်ကိုသွားအုံးမလဲဆိုတာမသိသည့် ဆောင်ချန်းကမလွှတ်ချင်တာပင်။
"ကိုကို ဒီလောက်ပဲကျွန်တော့်ကို ကလေးလို့ထင်နေတာတွေရပ်ပါတော့"
"မင်းက ကလေးမလို့ကလေးလို့ထင်တာ ကိုယ်မှားလို့လား"
"မှားတာပေါ့ ကျွန်တော်ကအခုပဲ19နှစ်ရှိပြီလေ။ ကိုကို့ထက်3နှစ်ငယ်တာကလွဲလို့ ကျွန်တော်လဲ အသက်ပြည့်ပြီးတဲ့လူငယ်ပဲလေ"
"ဘာပဲဖြစ်ဖြစ်မသွားရဘူး မင်းမာမီရောဒယ်ဒီကိုရော ကိုယ်ပြောထားမှာ"
"ဂျောင်ဆောင်ချန်းကို မခေါ်ဘူး။ လာလဲမခေါ်နဲ့"
နှုတ်ခမ်းဆူက သူ့နာမည်အပြည့်အစုံကိုအော်ခေါ်သွားရင်း အခန်းတံခါးဖွင့်ပြီးအောက်ထပ်သို့ဆူဆူအောင့်အောင့်နှင့်ဆင်းကာပြန်သွားသည်။ဒီအကောက်လေးကိုချော့ရအုံးမည်ကို ဆောင်ချန်းတွေးကာ သက်ပြင်းချမိသည်။