ကားမောင်းနေသည့်တလျှောက်လုံး ဆောင်ချန်းရောချန်းယောင်းပါ ဘာစကားမှထွက်မလာ။ချန်းယောင်းတစ်ယောက် ကားပြတင်းပေါက်မှန်ကနေတဆင့်သာအပြင်ကိုငေးကြည့်နေရင်းလိုက်လာတော့သည်။ ဆောင်ချန်းမှာလည်း ကားကိုသာအာရုံစိုက်မောင်းပြီးထွက်လာခဲ့လိုက်တော့သည်။ဆောင်ချန်းတစ်ယောက် ညကဖုန်းပြောအပြီးဒေါသထွက်ထွက်နှင့်မနက်ထိစောင့်ကာ လေယာဉ်နှင့်သွားဖို့ရာအထိ သူစိတ်မရှည်နေတာကြောင့် 426ကီလိုမီတာဝေးတဲ့နေရာကို ကားမောင်းရင်းပင်ချက်ချင်းထွက်လာလိုက်သည်။
နှစ်နာရီလောက်သာ အိပ်လာရသည့်အရှိန်ကြောင့် ချန်းယောင်းမှာ လမ်းတစ်ဝက်လောက်ရောက်တော့ အိပ်ငိုက်လို့ပင်လာသည်။ တဖြည်းဖြည်းခေါင်းစောင်းကျသွားရင်း ချန်းယောင်းခေါင်းမှာပြတင်းပေါက်မှန်နှင့်ခွက်ခနဲရိုက်မိတော့သည်။ ရုတ်တရက်ရိုက်မိလိုက်သည့်အရှိန်ကြောင့် နာရင်းလန့်နိုးသွားသည်ကို ဆောင်ချန်းကပါကားကြီးထိုးရပ်လိုက်တာကြောင့် ချန်းယောင်းမှာအကြောင်သားနှင့်ခေါင်းလေးပွတ်ရင်းသာထိုင်ကြည့်နေမိသည်။
ရိုက်မိသည့်အသံကြားတာနဲ့ ဆောင်ချန်းမှာချက်ချင်းကားကိုထိုးရပ်ပြီး အနောက်ခန်းမှာထားထားသည့် neck pillowကိုဆင်းယူကာ အရှေ့ခန်းမှာ အိပ်ချင်မူးတူးနှင့်ခေါင်းကိုပွတ်နေသည့် ချန်းယောင်းအရှေ့သို့ထိုးပေးလိုက်သည်။
"ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်း"
"ကျွန်တော်ကလည်း မလိုပါဘူးနော်..ပြန်ယူသွား"
"မင်းဘာကိစ္စပြန်ပြောနေတာလည်း"
"ကိုကိုကရော ကျွန်တော့်ကိုဒီလောက်ပြောနေတာ မကျေနပ်နိုင်သေးဘူးလား"
စောစောကစောင့်မိသွားသည့်အရှိန်ကြောင့် နာနေသည့်ခေါင်းလေးကို လက်ဖြင့်ပွတ်ကာ ဆောင်ချန်းကိုပြန်ပြောနေသည့်ချန်းယောင်းမှာ မျက်ရည်ကလည်းအဝိုင်းသားနှင့်။ မသိရင်အခုချက်ချင်းထငိုတော့မည့်ကလေးလို။
"မင်းမလိုဘူးမလား ရတယ်ပေး"
ဆောင်ချန်းတစ်ယောက် ချန်းယောင်းလက်ထဲကneck pillowကိုချက်ချင်းဆောင့်ဆွဲယူပြီး ကားဘေးမှန်ကနေတဆင့် လွှတ်ပစ်ခဲ့လိုက်သည်။ ရုတ်တရက်ဆိုသလို ဆွဲကာယူသွားသောဆောင်ချန်းအပြုအမူတွေကြောင့် ချန်းယောင်းမှာတအံ့တဩနှင့်ပင်ဖြစ်ရသည်။