'သည်းသည်း ကိုကို့ကိုရောက်တာနဲ့ဖုန်းခေါ်နော်။ ဟူးးအခုထဲကလွမ်းနေပြီသိလား။'
ဂျယ်ဂျူကိုရောက်လို့ ဟော်တယ်အခန်းထဲဝင်ဝင်ချင်းအင်တာနက်ကောက်ဖွင့်လိုက်တော့ အရင်ဆုံးဝင်လာတာက ကိုကို့ရဲ့message။
'အခုပဲရောက်ပြီ ကိုကို'
တီ တီ တီ
စာပို့လိုက်သည်နှင့်ချက်ချင်းပြေးပြီး ဖုန်းခေါ်တာမှာဂျောင်ဆောင်ချန်းပင်။ မဟုတ်မှဖုန်းရှေ့ကနေမခွါပဲသူစာပြန်တာကိုစောင့်နေတာများလား။
"ချန်းယောင်းလေး အဆင်ပြေရဲ့လား။ ဟော်တယ်ကရောဘယ်လိုလဲသန့်ရဲ့လား။တစ်ယောက်အခန်းပဲမလား"
"ကိုကိုရယ် ဖြေးဖြေးမေးပါ"
ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်းမေးခွန်းပေါင်းသောင်းခြောက်ထောင်ကနားထဲဝင်လာခြင်းပင်။ စိတ်ညစ်ပါတယ် အရင်ဘဝကကျောင်းဆရာတွေဘာတွေများဖြစ်ခဲ့သလားမသိဘူး။
"ဟော်တယ်ကသန့်လိုက်တာမှလွန်ရော ပြီးတော့တစ်ယောက်အခန်းမရလို့ သူငယ်ချင်းနဲ့အတူတူနေရတာ"
"ဟာ ဘယ်လိုဖြစ်လို့အခန်းမရတာလဲ ကြားရက်ပဲသွားပြီးတော့"
"အဲ့တာတော့ကိုကိုဘာသာပဲ ဟော်တယ်မန်နေဂျာကိုဖုန်းဆက်မေးတော့"
"နေပါအုံး အခန်းဖော်ကဘယ်သူလဲ"
"ဆွန်းဟန်နီး"
သူငယ်ချင်းသုံးလေးငါးယောက်ပါသွားတာတောင် သူ့အခန်းဖော်ကဘာကိစ္စ အဲ့ဆွန်းဟန်ဆိုတဲ့လူပဲလဲ။
ဂျောင်ဆောင်ချန်းစိတ်ထဲ မေးခွန်းပေါင်းများစွာဝင်ရောက်လာသည်။"တခြားသူငယ်ချင်းတွေနဲ့ ဘာလို့အခန်းဖော်မဟုတ်တာလဲ"
"ဟာ ကိုကိုဘာဖြစ်နေတာလဲ ဆွန်းဟန်နီးကဘာဖြစ်နေလို့လဲလို့"
"ချန်းယောင်းနဲ့အတူတူရှိနေတာ ကိုကိုမကြိုက်လို့ပေါ့"
"ဒါပဲ ကျွန်တော်နားတော့မယ်"
ချစ်သူစဖြစ်တဲ့အချိန်ကနေ အခုထိအီချန်းယောင်းဟာ သူပြောတဲ့စကားတွေကိုအဲ့လိုလျစ်လျူရှုပြီးထားသွားတတ်သည့်သူမဟုတ်။