မှောင်ရီဝေတဲ့မိုးရာသီရဲ့ ညနေစောင်းလေဟာ ထင်ထားတာထက်ချမ်းစိမ့်စိမ့်ပင်။
ဆောင်ချန်းဟာအခုထက်ထိ busကားမှတ်တိုင်ရဲ့ခုံတန်းရှည်လေးပေါ်မှာထိုင်နေလျက်။အချိန်သည်ကား ညနေခြောက်နာရီပင်။ ချန်းယောင်းသွားအပြီး ကားတွေနှစ်စီး၊သုံးစီးလောက် ဖြတ်သွားပေမယ့် ဆောင်ချန်းဟာဒီနေရာမှ မခွါနိုင်အောင် တွေဝေမိနေသည်။
တအားချုပ်ချယ်သလိုများဖြစ်နေမလား..
ဒီလိုနဲ့များ အီချန်းယောင်းနဲ့ဝေးသွားခဲ့ရင်..
ဒီလိုနဲ့များ အီချန်းယောင်းကမုန်းသွားခဲ့ရင်..သူတကယ်သေမှာ။
အတွေးတွေတပိုင်းတစနှင့် ဆောင်ချန်းရဲ့မိုးရေစက်တွေစိုနေသည့် ကိုယ်လေးဟာ busကားပေါ်ပြေးတက်လို့ အီချန်းယောင်းရှိရာဆီ အရင်ဦးတည်မိလိုက်သည်။
"ဆောင်ချန်း..သား မိုးရေတွေစိုလို့ပါလား ဘယ်လိုဖြစ်လာတာလဲ"
"အန်တီ ချန်းယောင်းရော အပေါ်မှာလား"
"ဟုတ်တယ်သားရေတက်သွား အပေါ်မှာမင်းညီတော့ဖျားနေပြီ"
ချန်းယောင်းမေမေရဲ့စကားအဆုံးမှာပဲ ဆောင်ချန်းဟာအိမ်အပေါ်ထပ်သို့ ဝရုန်းသုန်းကားတက်သွားလေသည်။ မိုးရေတွေစိုနေသည့် ခန္ဓာကိုယ်ကိုတောင် သတိမရနိုင်တော့လောက်အောင်ပင်။
အပေါ်ထပ်တက်တက်ချင်း မြင်ရသည့်အရှေ့ဆုံးအခန်းရဲ့ တံခါးလေးကိုပုံမှန်ဖွင့်နေကြအတိုင်း တံခါးမခေါက်ပဲဖွင့်ဝင်လာလိုက်သည်။
အခန်းထဲဝင်ဝင်ချင်း စောင်ထူထူတွေကြားထဲခန္ဓာကိုယ်လေးမြုပ်နေအောင်ဖုံးထားပြီး ခေါင်းလေးပဲဖော်ကာ ဘေးတစောင်းအိပ်နေသည့်အီချန်းယောင်းမှာ ငယ်ငယ်ကလိုနှာတံချွန်ချွန်လေးတွေရဲလို့နေသည်။
တကယ့်ကိုအဆိုးလေးပါဗျာ။ အေးအေးဆေးဆေးလေးထီးယူသွားရင် ဒီလိုဖျားမှာမဟုတ်ဘူး။
"ချန်းယောင်း သက်သာရဲ့လား။ ဘယ်နားနာနေသေးလဲ"
"ဟင် ကိုကို"
ကုတင်ဘေး ချန်းယောင်းမျက်နှာမူထားသည့်ဘက်ခြမ်းသို့ ဝင်လာကာချန်းယောင်းမျက်နှာလေးနှင့်အညီဖြစ်စေရန် ကြမ်းပြင်ပေါ်သို့ဒူးထောက်ကာထိုင်ချလိုက်သည်။