အီချန်းယောင်းဟာတကယ်ကို ဂျစ်တူးလေး။
အခုဆိုစိတ်ကောက်ပြီး social mediaတိုင်းလိုလို blockထားတာ၊ အခုလဲကြည့် ကျောင်းလိုက်ပို့မလို့ အိမ်ရှေ့ရောက်နေတာကို သူနဲ့မတွေ့ချင်လို့ စောစောသွားပြီတဲ့လေ။ရည်းစားလေးတစ်ယောက်ရတာ သားလေးတစ်ယောက်မွေးထားရသလိုပဲ။ လွယ်ကူမနေပါ။
သုံးနှစ်ငယ်တဲ့ချန်းယောင်းဟာ အခုမှပထမနှစ်ကျောင်းသားလေး၊
သူကတော့နောက်နှစ်ဆိုဘွဲ့ယူဖို့ အရွယ်တောင်ရောက်နေပြီ။ သူမရှိပဲချန်းယောင်းကတစ်ယောက်တည်းကျောင်းတက်လို့အဆင်ရောပြေပါ့မလား။အမှန်ဆိုဆောင်ချန်းဟာ ချန်းယောင်းအပေါ်လိုတာထက်ပိုပြီး ဂရုစိုက်မိလွန်းနေတာ။ အဲ့အရာကပဲ နှစ်ယောက်ကြားပိုဝေးအောင်လုပ်မိနေခြင်းပင်။
ချန်းယောင်းကိုစိတ်မချနိုင်လွန်းလို့ သူရတဲ့အမှတ်ထက်နည်းတဲ့ တက္ကသိုလ်မှာ တမိုးအောက်ထဲအတူရှိချင်တဲ့ သူ့ရဲ့ဆန္ဒကြောင့်အတင်းမရမကတက်ခိုင်းခဲ့မိသည်။ ဒါတွေကိုချန်းယောင်းကလဲမငြင်းပါ။
အများအမြင်မှာ ဆောင်ချန်းကချန်းယောင်းအတွက် မရှိမဖြစ်ဘေးကနေ လိုအင်တွေမှန်သမျှဖြည့်ဆည်းပေးနေသည့်လူဆိုလျှင် ချန်းယောင်းဟာလဲ ဆောင်ချန်းအပေါ်တခါလေးတောင် မပျက်ကွက်ဖူးသည့်ချစ်ခြင်းမျိုးနှင့် ချစ်နေသူပင်။
အခုတော့ကန်တင်းမှာတွေ့တဲ့ ချစ်သူလေးကိုချောကလပ်နို့ဘူးလေးနှင့် ချော့ရအုံးမည်။
ဆောင်ချန်းဝင်လာတာကိုမြင်ထဲက ဟိုဘက်လှည့်ကာထိုင်နေသည့် ချန်းယောင်းအရှေ့အအေးဘူးလေးတင်ပြီး အရှေ့တည့်တည့်ကခုံမှာ ဝင်ထိုင်နေလိုက်သည်။ချန်းယောင်းမှာ သူ့ကိုမမြင်နိုင်တဲ့အစွမ်းတွေများ ရှိနေလားမသိပါ။ အခုထိလှည့်မကြည့်ပဲထိုင်နေသည်မှာ ငါးမိနစ်ကျော်နေပြီ။
"ချန်းယောင်း ကိုကို့ကိုစိတ်ဆိုးနေသေးတာလား"
"ကိုကိုက ချန်းယောင်းကိုစိတ်ပူလို့လေ.."
"ဘာစိတ်ပူတာလဲ ကျွန်တော်က ကလေးလား။"
"ကလေးပေါ့ ချန်းယောင်းရဲ့။ ချန်းယောင်းကကိုကို့ရဲ့ကလေးလေးလေ။"