ချမ်းစိမ့်စိမ့်နှင့်ညနေခင်းလေအေးဟာ အသွေးအသားထဲအထိစိမ့်နေအောင် တိုက်ခိုက်လာသည်။ အချိန်တွေ၊ နာရီတွေကိုတောင် သတိမထားမိလောက်အောင် သူဟာဆောင်ချန်းထားခဲ့သည့်နေရာလေးမှာ ထားခဲ့သည့်အတိုင်းကျန်နေခဲ့လျက်သားပင်။ လွန်ခဲ့တဲ့ နှစ်နာရီထဲကဒီနေရာလေးမှာ ဒီအတိုင်းရှိနေခဲ့ပေမယ့် မည်သူတစ်ဦးတစ်ယောက်ရဲ့ အရိပ်အယောင်မှမတွေ့အောင် တိတ်ဆိတ်လွန်းနေသည်။သူစောင့်နေခဲ့တာ။ ကိုကိုပြန်လာပြီးခေါ်မယ်လို့ပဲ တွေးနေမိခဲ့တာ။ ဒါပေမယ့် အရာရာအကုန်တလွဲပဲ။ ကိုကိုကသူ့ဘဝရဲ့ အချစ်ရဆုံးလူဖြစ်နေခဲ့တာမလို့ ကိုကို့ဘဝရဲ့အချစ်ဆုံးလူဟာလဲ သူကိုယ်တိုင်ပဲဖြစ်မယ်လို့ ယုံကြည်နေမိခဲ့တာ..။
ကိုကိုကျွန်တော့်ကို မချစ်တော့ဘူးပဲ။
တဖြည်းဖြည်းနှင့် မှောင်ရီဝေလာသည့် ကျောင်းခေါင်မိုးထပ်တနေရာမှာ မလှုပ်မယှက်နဲ့ထိုင်နေခဲ့မိသည့်သူဟာ အရူးတစ်ယောက်လိုသာ။ ကောင်ကင်းပေါ် ပျံကာဝဲလို့အိပ်တန်းတက်သည့် ငှက်တွေကိုသာဘာမှမစဉ်းစားပဲလိုက်ကြည့်နေမိသည်။
ဟက်..တကယ့်အရူးကအီချန်းယောင်းဆိုတဲ့ ကျွန်တော်ဖြစ်နေခဲ့တာ။ သူထားရာနေ၊သူစေရာသွားပြီး ချုပ်ချယ်သမျှကိုချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ခေါင်းငြိမ့်ကာငြိမ်ခံခဲ့မိတာများ။
တအားချစ်ပါရဲ့ဆိုသည့်သူက အခုချိန်မှာတော့သူမလုပ်ခဲ့သည့်အမှားကို လက်ညိုးငေါက်ငေါက်ထိုးရင်း ချက်ချင်းစွန့်ပစ်ပြီးထားခဲ့တာလေ။ရယ်စရာပဲ..ကျွန်တော်ကသူ့အတွက်ဆို သိပ်လွယ်ခဲ့တာထင်တယ်။
ကိုကို့ဘက်ကစချစ်ခဲ့ပြီး ကျွန်တော့်ဘက်ကပိုချစ်မိသွားတာမျိုးပါပဲ။
အိမ်ပြန်လမ်းတလျှောက် ချန်းယောင်းဘာကိုမှ အာရုံရမနေပါ။ ကားပေါ်မှာထိုင်နေသည့်တချိန်လုံး အရှေ့တည့်တည့်မှာရှိနေသည့် ထိုင်ခုံကိုသာငေးကြည့်ရင်း လိုက်သွားတာမလို့ မှတ်တိုင်တွေပါကျော်ပြီးပါသွားသည်အထိ။
တပူပေါ်တပူဆင့်တာများ အီချန်းယောင်းတစ်ယောက်မျက်ရည်အဝိုင်းသားနှင့် အိမ်သို့လမ်းပြန်လျှောက်လာခဲ့ရတော့သည်။ ငိုချင်ရဲ့လက်တို့ဖြစ်နေသည့် အီချန်းယောင်းကို ခဲလုံးကပါဝင်ကူညီအားဖြည့်ပေးလိုက်သလိုမျိုး အရှေ့ကခဲလုံးကိုမမြင်ပဲတက်တိုက်မိ၍ ဒူးထောက်လျက်သား ချော်လဲသွားတော့သည်။